ဝေဒနာ
ဝေးခဲ့ပြီပဲဆယ်နွေကဲသို့
ရင်ထဲကြွမ်းမြေ့
မမေ့နိုင်ရက်
နေ့ရက်များစွာဝေဒနာ၊
သမုဒယနွယ်
ရစ်နှောင်တွယ်ငြိ
ချစ်ခဲ့သမျှ
အိပ်မက်မျှပင်
ခင်ထင်ရော့လား
ရင်ခြားစေ့ခက်
မေ့ရန်ခက်ခဲ
နေ့စွဲများစွာဝေဒနာ၊
မလွမ်းရဲသူမို့
တမင်လမ်းခွဲခဲ့တာလား
သံယောဇဉ်အမျှင်တင်နေသမျှတော့
ပြန်တွေးရင်တောင်ရင်မှာဆွေးပါရဲ့
ညှို့ဟန်ဖွဲ့မုန်မာန်ဆင်
ခင်မကြင်ခင်ထွက်သွားတော့လဲ
လွမ်းအိမ်ဖွဲ့စေရာခရီးမှာ
သောကမိုးစွေနေဆဲပါပဲ
နေ့စွဲများစွာဝေဒနာ၊
အချစ်ရယ်
မခင်လို့ပဲဖြစ်ဖြစ်
မကြင်လို့ပဲပြစ်ပြစ်
ရင့်နင့်အောင်ချစ်ခဲ့သမျှအတွက်
ကိုယ့်ဝန်တာကိုယ်သာခံပါ့မယ်
မောဟလွှမ်းသည်ခရီးမှာ
ဝေဒနာအပူမမျှချင်တော့
ခင့်ဘ၀နဲ့ခင်
ခင်ပျော်လျှင်ကျေကျေနပ်ပါရဲ့
ကြမာဝဋ်မကုန်သေးသရွေ့တော့
သခင်ရယ်
ဆယ်နွေလိုကဲ။
မြတ်ငြိမ်း
အိပ်မက်ခရီးသည်

လေးလံမှုကကပ်ပါးတစ်ကောင်လိုကပ်ပါနေစမြဲ
တစ်ခါတစ်လေ
တို့ဘာကြောင့်သတိမမူမိခဲ့ပါလိမ့်
တိုက်ဆိုင်မှုသက်သက်ပါပဲ
ဟန်ဆောင်မှုကင်းတဲ့ဟောဒီဆည်းဆာက
တို့အရိပ်တွေရှည်လျားစေခဲ့
လူဆိုတာကိုယ်ပိုင်အတ္တကိုယ်စီနဲ့ခရီးဆက်နေသူ၊
ိိ
၂။ ငါကမလိမ္မိုးမလိမ္မာ
တွေဝေဘို့အတွက်ခေါင်းမာလွန်းသူ
ချမ်သာမှုဆိုတာလည်း
ဆေးဆိုးပန်းရုက်ပျော်ရွှင်ခြင်းများရဲ့အမည်
ယုံကြည်မှုက
အကြောင်းတရားအရှိသဘောထားသူ
မနက်ဖြန်ဆိုတာ
အလုံပိတ်အိုးတစ်လုံးထဲကရာသီဥတု
မိုးရွာမည်လား
နေသာမည်လား
နှင်းဝေမည်လား
မသေချာခြင်းများနဲ့ကြီးပြင်းခဲ့ရတဲ့အသက်
သေချာတယ်
စကားလုံးတိုင်းအရောင်မရှိဘူး၊
၃။ အမေကပြောတယ်
သောက်လက်စကော်ဖီကိုမြန်မြန်လက်စသတ်လိုက်တော့
နေ့တစ်နေ့မှာ
ဇိမ်ခံဘို့မင်းအတွက်အချိန်များများသက်မှတ်ခွင့်မရှိဘူးတဲ့
ကြိုးစားခွင့်ရှိနေဆဲဆိုရုံလေး
မျော်လင့်ချက်တွေမုတ်သုံမလွတ်တဲ့ကာလ
ဘာသာတရားနဲ့ထိန်းမတ်တဲ့ကြားက
ငါ့တည်ငြိမ်မှုက
မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့ပမာ၊
၎။ မျက်ဝန်းဒေါင့်ကျိုးလေးမှာလာရပ်တဲ့လောကအသံ
အဆံမပြည့်သေးတဲ့သစ်သီးတစ်လုံးလို
သူတို့ငါ့ကိုတရားဟောကြတယ်
ဟန်ဆောင်တတ်ဘို့
ငါ့ကိုယ်ငါပြန်ညာတတ်ဘို့
ညကိုကြယ်တွေလိုငေးကြည့်မိရဲ့
ခံစားချက်တိုင်းမှာ
မြှုံးမိတဲ့ငါးတစ်ကောင်လိုအနာဂတ်လက်မဲ့
ဟောကြည့်
မာယာတွေဈေးပေါလွန်းတဲ့ဒီခေတ်
ဘာကြောင့်များကမ္ဘာမြေကထမ်ပိုး ထားပါလိမ့်၊
၅။ လူတွေဟ်ာငွေရဲ့ကျေးကျွန်
ချမ်းသာမှုဆိုတာလဲ
အမြဲငွေနဲ့ပေးဝယ်လို့မရတန်ကောင်းရဲ့
အဒီလိုအပြောမတတ်မှုတွေကြောင့်
ငါလူတွေနဲ့မကြာခဏကင်းကွာခဲ့ဘူးတယ်
မျှော်လင့်ချက်
အသက်တစ်ရာတည်မြဲခွင့်မဲ့လူ့အသိုက်အမြုံလေးထဲ
သေဆုံးမှုကအကြိမ်တစ်ရာအလွန်
အခက်အခဲဆိုတာ
သုခတရားကိုမြတ်နိုးတတ်လာစေဘို့
နာမည်ဆိုးအတတ်ခံလိုက်ရတဲ့နိယာမတစ်ခုပါပဲ၊
၆။ ကောင်းကင်မှာကြယ်ပျောက်ထိုးရုံနဲ့တော့
ဒီညမိုမရွားဘူးလို့တစ်ထစ်ချမပြောနိုင်သေး
မိုးမလုံတဲ့အိမ်ခေါင်မိုးနဲ့
လေမလုံတဲ့အကာအရံနဲ့
မျက်ရည်မခြောက်သေးတဲ့မျက်ဝန်းတွေနဲ့
မအိပ်ခင်အတွေးတစ်ချက်ဝင်လာတယ်
ငါလိုနေသေးတယ်
ပြီး
ငါဖြစ်ရမယ်၊
၇။ မတောင်းဆိုခင်ကငြင်းပယ်ထွက်ခွာသွားသောပင့်ကူလေးရေ
ငါ့ကိုယ်တိုင်ရေးကဗျာရှည်လေးထဲ
တငွေ့ငွေ့လေးလွမ်းဆွတ်နေဘို့
မင်းနာမည်လေးချန်ထားခဲ့တာကိုပဲကျေးဇူးတင်ပါရဲ့
ငြိမ်ချမ်းမှုဝေါဟာရ
လတ်တလောသတ်ပုံမှာရေးမိတဲ့ငါ့ဒိုင်ယာရီလေးထဲ
နှင်တို့ဝေဆဲ ကြွေနေဆဲ
ဘာပဲဖြစ်ဖြစ်
ငါတို့ရဲ့ဖွဲ့နွဲ့မှုက တစ်ဘ၀မှာတစ်ပုဒ်တည်းပါပဲ
အတိမ်အနက်ဆိုတာ
တိုင်းတာသူရဲ့သရုပ်သကန်
ဟောကြည့်
ဟိုးအဝေးမှုံဖျဖျမိုးကုတ်စက်ဝိုင်းအောက်မှာ
မီးတုတ်တစ်လက်နဲ့
နှင်းဝတ်ရုံခြုံထားတဲ့အိပ်မက်ဖြူဖြူတွေ။
ရင့်ငြိမ်းစံ
ပိတ်ထားတဲ့နေ့
လမိုက်ည
ကောင်းကင်ကြီးကအမှောင်ထဲလွင့်မျောလို့ရယ်
ကြယ်တွေကမပွင့်တပွင့်
နံရံကမီးခလုတ်ကိုဖွင့်လိုက်တယ်
ဒါပေမယ့် နေ့ကပိတ်ထားဆဲ
အိမ်တံခါးတွေကိုဖွင့်လိုက်တယ်
နေရောင်ကမပွင့်တပွင့်
ပန်းတွေကပွင့်တချို့ကြွေတချို့
ဒါပေမယ့် နေ့ကပိတ်ထားဆဲ
သတင်းစာကိုဖွင့်ကြည့်တယ်
ရေဒီယိုကိုဖွင့်ကြည့်တယ်
ရုပ်မြင်သံကြားကိုဖွင့်ကြည့်တယ်
ကိုယ့်ရင်ဘတ်ကိုယ်တော့ဖွင့်ကြည့်လို့မရ
နေ့ကတော့ပိတ်ထားဆဲ
ဘယ်လိုလုပ်ကြမလဲ
နေ့တဓူဝ(နိစ္စဓူဝ) ဒေါသတွေအတွက်
ဘယ်လိုလုပ်ကြမလဲ
နေ့စဉ်နဲ့အမျှဆာလောင်မှုတွေအတွက်
ဘယ်လိုလုပ်ကြမလဲ
သားကြောဖြတ်ခံလိုက်ရတဲ့အနာဂါတ်အတွက်
ဘယ်လိုလုပ်ကြမလဲ
ဘယ်လိုလုပ်ကြမလဲ
နေ့ကတော့ပိတ်ထားဆဲ
ပိတ်ထားတဲ့နေ့ကိုဖွင့်ဖို့သော့တစ်ချောင်း
ဘယ်သူ့ဦးခေါင်းထဲမှာရှိသလဲ
ကျွန်တော်လိုက်ကြည့်နေမိတယ်။
ပိတ်ထားတဲ့နေ့ကိုဖွင့်မယ့်သော့တစ်ချောင်း
ကျွန်တော့်လက်မောင်းမဖြစ်နိုင်ဘူးလား။ ။
လှသန်း
ရေခဲပန်းနု၊ချစ်သောသူဖြတ်သန်းခဲ့ရသော အရောင်အရိပ် ရနံ့ နှင့်
ကျွန်ုပ်၏ဘ၀အမောအလွမ်း
- ရေခဲပန်းနု
တိပ်ကြိုးခွေကသီချင်းထွက်လာမယ်
“မင်းလက်ကလေးကိုကိုင်ချင်စမ်းလှတယ်” ။
စက်ရုပ်လို
မလှုပ်ရှားချင်ပါဘူး
မုသားနိုင်ငံမှာ
အပြန်တရာသေပါစေ
အမှန်အတွက်တိုက်ပွဲဝင်မယ်။
သံလွင်မြစ်မျက်နှာပြင်မှာ
မောမြေရဲ့ရာဇ၀င်တွေ
ထင်ဟပ်ရဲပနေတယ်။
ရဲဘော်တို့သွေးဖြင့်
ချယ်ရီမွှေးလှပေရဲ့။
ထိုအတွေ့အမြင်
ဤယနေ့တွင်
သြော်…ရင်ခုန်သံများ
ကြားပါစေ။
ကောင်းကင်ဘုံမှာ
အိပ်မပျော်ချင်ပါဘူး။
ဒီလောက
ဒီမြေကြီးပေါ်မှာဘဲ
နှစ်နှစ်ချိုက်ချိုက်ကြီး
အိပ်ပျော်ချင်ပါတယ်။
ကျေးဇူးများစွာတင်ပါရဲ့
ဘုရားသခင်စောင့်ရှောက်တော်
မမူပါနဲ့။
သိရိခေတ္တရာမှ
ကဗျာဆရာလေးအသဲမှာ
ရေခဲပန်းနု
ယုယပါလော့..အိုအမေ။
ယန်စီမြစ်ရိုးမှ
လှေထိုးသူ့တေးကဗျာ
နားဝင်မှာငြိမ့်ညောင်းအောင်
တမ်းမက်စရာကောင်းလှပေတယ်။ ။
မောင်ချောနွယ်
No comments:
Post a Comment