လာရောက်လည်ပတ်သူအားလုံးကိုကျေးဇူးတင်ပါသည်
အလျှင်းသင့်သလို ပို့အသစ်များတင်ပေးသွားပါမည့်အကြောင်းကို အသိပေးအပ်ပါသည်
လောလောဆယ်တော့ မိတ်ဆွေများအနေဖြင့် အဟောင်းလေးများဖြင့် စိတ်အာဟာပြည့်ဝ
နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။
မြတ်ငြိမ်း
သံယောဇဉ်ဖြင့်ဖွဲ့သီထားသောအိမ် စိတ်ခြွေရိပ် ကဗျာရပ်ဝန်း
http://myatnyein2008.blogspot.com
Friday, September 30, 2011
Friday, June 11, 2010
သစ်ခက်သံနဲ့မျောတဲ့ည
ဘ၀ဆိုတဲ့ခေါင်းစဉ်အောက်မှာ
တို့ဆန္ဒတေဘွဘယ်တော့လင်းခွင့်ရမှာလဲ
ဘယ်သူမှရှိမနေတဲ့အချိန်တွေနဲ့ယဉ်ပါးနေတဲ့ ဖြစ်တည်မှုကိုက
အထီးကျန်ဆန်ခြင်းရဲ့ ရသတစ်ခွက်လား
အထီးကျန်ဆန်ခြင်းရဲ့ ရသတစ်ခွက်လား
မနက်ဖြန်ဆိုတာလဲ မနက်ဖြန်ဖြစ်ပါ့မလားဆိုတဲ့သံသယနဲ့
ညစဉ်ညတိုင်း
အိပ်မက်တွေ ရေမျောကမ်းတင်ဖြစ်ခဲ့
ညစဉ်ညတိုင်း
အိပ်မက်တွေ ရေမျောကမ်းတင်ဖြစ်ခဲ့
ဘ၀ကို ဆန္ဒရဲ့အပေါ်စီးကနေငေးချင်ခဲ့သမျှ
ဆန္ဒတွေ ဘ၀ရဲ့နောက်ကောက်ချမှုမှာ ရင့်ရော်ခဲ့တယ်
စိတ်ခြွေရိပ်လေးရေ......
ရှင်သန်ရပ်တည်နေမှုက ဆန္ဒတွေ ဘ၀ရဲ့နောက်ကောက်ချမှုမှာ ရင့်ရော်ခဲ့တယ်
စိတ်ခြွေရိပ်လေးရေ......
ရေဝေးကမ်းနှစ်ဘက်လို
ကောင်းကင်ညို့ရင်ငိုချင်တတ်တဲ့အကျင့်ကိုကမကောင်းရော့ထင်
ည
ကြယ်တွေကြွေတဲ့မြင်ကွင်းမှာ
အိပ်မက်တို့မမြင်တွေ့ပါစေနဲ့တော့။

Wednesday, October 28, 2009
မြောက်ပြန်လေသင့်ချိန်
အိပ်မက်တွေနဲ့ထုဆစ်ထားတဲ့ဘဝ
ဘာတွေဖြစ်လာဦးမှာလဲ
ဖြစ်ချင်တာတွေလား ဖြစ်သင့်တာတွေလား
အဲဒီလိုနဲ့ သံယောဇဉ်တွေအစိမ်းရောင်သမ်းခဲ့၊
အလှ
ခံစားမှုမှာစွဲထင်လွန်းတဲ့ရေးချက်များ
အနုပညာကိုက အလွမ်းနဲ့ထိတွေ့မှ ပိုလှတတ်တဲ့အရာ
ဒုက္ခနဲ့တွေ့မှ ပိုအဓိပ္ပါယ်ရှိလာတတ်တဲ့အရာ၊
ခံစားမှု
မြောက်ပြန်လေလို အမျိုးအမည်တပ်မရတဲ့ရသ
ဆေးခါးလေ ဝေဒနာပြင်းလေ
ည ည ဆို သူ့တေးသံနဲ့သူပြန်ငိုတတ်တာသဘာဝ၊
ဘ၀ အလှ ခံစားမှု
ဖြစ်တည်မှုလေးထဲအလိုက်သင့် အနံသင့်
ရင့်ရော်မှုမှာမှ တည်ငြိမ်တတ်လွန်းတော့လဲ
ဟောဒီနိဒါန်းက သောကနဲ့ဖွဲ့မှ နွဲ့တယ်။

Thursday, July 2, 2009
ကျောင်းဆရာ
စိတ်က ကဗျာ
ဘ၀က ဆရာ
ဖြစ်တည်နေရမှုကိုက လူ့ဘ၀ဆိုတာ ဘယ်တော့မှမပြည့်နိုင်တဲ့အိုးတစ်လုံး
စိတ်နဲ့ကိုယ်အစေးမကပ်တာလဲကြာပြီ။
ကျောင်းဆရာမို့သူမက ငြင်းပယ်သွားတယ်
ကောင်းကင်ပြိုမသွားပေမယ့် ကောင်းကင်ညို့ကျန်ခဲ့
မေမေရေ----
ဒုက္ခနဲ့တွေ့မှ ဘုရားတရားသိတတ်တဲ့သူတွေထဲမှာသားမပါ ပါရစေနဲ့။
လူ တစ်ကိုယ်တည်း နှစ်စိတ်ဖြစ်တဲ့အခါ
သူမဆီဖုန်းဆက်ဖြစ်တယ်
အဆင်ပြေမှုလား မပြေမှုလား ရယ်ပွဲဖွဲ့မှုနိဂုံးမှာ သောကတွေပွေခဲ့ရ။
ဒီတစ်နေ့
နောက်တစ်နေ့
ဟိုး အနာဂတ်
အိပ်မက်တွေလှလှမက်ပါစေကောင်စုတ်မလေး
မင်းပေးတဲ့သစ္စာနဲ့
မင်းထားတဲ့ဂတိနဲ့
ညစဉ်ညတိုင်း မင်းအကြောင်းတွေးပြီးရင်နာမနေချင်တော့။
စာသင်ခန်းမ
တပည့်တွေကိုတပည့်လိုကြည့်ပစ်လိုက်တယ်
ကိုယ့်ကိုကိုယ်ရင်နာခဲ့ရမှုတွေအတွက်။

Sunday, June 21, 2009

မေ့သွားသောအပိုင်းအစများ
လူ့ဘ၀ဆိုတာ ဒုက္ခတရားတို့ပျော်စံရာဘုံလား
စိန်ခေါ်မှုတွေရှင်သန်ရာမြေယာကောင်းလည်ကွက်တစ်ခုပဲလား
ဖြစ်ချင်တာတွေဖြစ်မလာတဲ့အခါ
ရင်မောခဲ့ရတဲ့နေ့တွေလဲမရေတွက်နိုင်တော့
အသိ
သတိ
ယတိပြတ်ဆုံးဖြတ်ရခက်တဲ့ပုစ္ဆာများနဲ့
တစ်နေ့တစ်ခြားကြီးကြယ်ခန်းနားခဲ့တာ၊
ကောင်မလေးရေ-----
မင်းနဲ့စဝေးခဲ့ရတုန်းကပေါ့
ကမ္ဘာကြီးဆုံးရှုံးပျောက်ဆုံးသွားပြီထင်မှတ်ခဲ့ဘူးတယ်
အချိန်
တစ်ရွေ့ရွေ့ကုန်လွန်မှုမှာ
ဟိုးအဝေးကတိမ်တွေလို ခံစားမှုများ ငါ့အတွက်အခရာအဖြစ်တည်မနေတော့၊
ဒီနေ့ဖြေရှင်းရခက်တဲ့ပုစ္ဆာဆိုတာ
မနက်ဖြန်မှာ ဟာသတစ်ပုဒ်
မသေချာမှုတွေရဲ့ စမ်းသပ်မှုမှာ
အောင်မြင်မှုက အကြိမ်ကြိမ်ရင်ခုန်ခဲ့တာ၊
အချစ်
ဘယ်သူများနာမည်တပ်မှားခဲ့တာလဲ
ငါ့တို့တတွေအဲဒါနာမည်အမှားနဲ့
ဖြားယောင်းခံခဲ့ရပေါင်းလဲမရေတွက်နိုင်တော့၊
ဒီနေ့
မနက်ဖြန်
ဟိုးအဝေးဆိုတာ စိတ်အာဟာရ
ဦးနှောက်ကိုတစ်ခါတစ်လေသော့ခက်ထားရမှအဆင်ပြေမယ်။

Sunday, June 14, 2009
စည်း
လွတ်လပ်မှုတွေပျောက်ဆုံးနေတဲ့ ဟောဒီအိမ်အိုလေး
ကွဲလွဲနေဆဲ နားလည်မှုများနဲ့
ခနော်ခနဲ့
ချော်လဲလို့ရောထိုင်ခဲ့ရပေါင်းလဲမနည်းတော့၊
လူ့လောကမျဉ်းများ
ဘယ်သူ့အဆိုပြုချက်နဲ့ ရေးဆွဲထားပါလိမ့်
ငါ့မှာတော့ မွန်းပြီးရင်းမွန်းရင်း
ကိုယ့်ကိုကိုယ်မှန်ထဲကြည့်ပြီးရင်ဖွင့်တာတောင်
ခေါင်းခါပြမှုနဲ့ရင်နာခဲ့၊
ဖြေဆေးမတွေ့သေးတဲ့စိတ်ဖြစ်ရုပ်ကြွင်းများ
အငွေ့မပြယ်သေးတဲ့ အတိတ်ပါး ပိုးပ၀ါစလေးနဲ့
နေ့စဉ်
လုံးချာလိုက်နေတဲ့ ၀ိရောဓိရာသီစက်ဝန်းမှာ
မိုးမညို့ပါစေနဲ့လို့ဆုတောင်းနေရုံကလွဲလို့
အိပ်ဆေးတွေနဲ့ညကိုတမ်းညှိနေရ၊
ရစ်သမ်
ဂီတ
နာကျင်မှု
အိပ်မက်
အသက်
ဒုက္ခတရားလေးအတိုင်း စီးမျောနေဆဲ၊
ဟင်း
မောတယ် ကောင်စုတ်မလေးရေ-----
ငါ့အမည်ငါပြန်သတ်မှတ်လို့ရရင်
ကောင်းကင်ကိုငါ စစ်ကြေညာလိုက်မယ်
ပျိုးနှုတ်သူမဲ့ငါ့ အနာဂတ်များအတွက်၊
ခုတော
ငါ့ကိုယ်ငါမေးခွန်းတွေနဲ့အချင်းများနေရတဲ့ငါ့အဖြစ်
မင်းမသိပေမယ့် ငါသိတယ်
စည်း
မုန်းစရာအကောင်းဆုံးနဲ့ဒီည အိပ်စက်ရဦးမယ်၊

Wednesday, May 20, 2009
အိပ်မက်မြစ်ကျဉ်း
၁၊ဒီနေ့ အဆင်မပြေမှုတွေနဲ့အာဟာရဖြည့်ရဦးမယ်
ကောင်းကင်ကိုမှ ဆနဲ့မိတဲ့လက်အစုံကိုတပ်ဆင်ထားမိတော့လဲ
မာန၀တ်ရုံတွေနဲ့ လှည့်အကြည့်ခံရဦးမည်ပေါ့
ဘ၀ကိုက လိုသလိုမဖြစ်တတ်တာ နိယာမ
အိပ်မက်တွေပြိုကျသွားလဲ ညကတော့ ညအတိုင်းပါပဲ
မနက် နေထွက်တာကိုငေးဘို့ နှလုံးသားတစ်စုံ ခပ်နွမ်းနွမ်းတစ်ထည်နဲ့
မျက်နှာဆေးဘို့
မလုံ့တလုံခွက်စုတ်လေးတစ်လုံးကတော့ငါ့အနားမှာ သစ္စာခံနေမြဲ၊
၂၊မထူးဆန်းပေမယ့်
ထူးဆန်းနေတယ်
ငါ့စိတ်
ငါ့အတွေး
ငါ့ အသား
ငါ့ ကံ
မပြောင်းလဲခြင်းတွေနဲ့ တရားသေ လွတ်လပ်ခွင့်
အိပ်မက်တို့ရင့်ရော်လဲ ရင့်ရော်စေတော့
လွမ်းတယ်လို့ဆက်မပြောတော့ဘူး ကောင်စုတ်မလေးရေ၊
၃၊ စကားဝိုင်း
အရင်အတိုင်း အနုပညာစီးကြောင်းလေးတစ်လျှောက် ကျောက်ဆောင်တွေနဲ့ငြင်းခုံကောင်းနေဆဲ
တစ်ရာသီစာ အာသီသ
တစ်မနက်တည်းတင် ပြတ်လပ်သွားတဲ့အခါ
တမ်းညဉ်းမိတယ်
ပုတ်သိုးသွားတဲ့ နရီအလွဲများအတွက်
ကဲ ငါ့စိတ်နဲ့ငါ အခက်သား၊
၎၊နွေဦးမိုး
ဘယ်လိုအငြိုးတွေနဲ့များကိုကို ရင်နာအောင် အတိတ်တွေသယ်ဆောင်လာပါလိမ့်
မိုးမှန်ရင် ဖျားနာတတ်တဲ့ ပျော့ညံ့မှုနဲ့
ဒီရင်က နာပြီးရင်းနာရင်း
ကယ်သူဝေး တပ်မဲ့လှေငယ်ရှင်က ငါ
ရယ်စရာနဲ့ကိုယ်ရည်သွေးလဲ
ကွယ်---
ဆက်မတွေးဖြစ်တာပဲကောင်းတယ်၊
၅။ စိတ်ကုန်တဲ့ ဝေဒနာ
ည
နေ့
လ
နှစ်
ဆယ်စု
ရာစု သီဝရီအမှုံအမွှ့ား အဖြစ်တင်ကျန်ရစ်စေတော့၊
၆။
လမ်း ကမ်း
တိမ်းတွေပြိုကျနေရုံနဲ့တော့
ခြေလှမ်းတွေရပ်မနေသင့်ဘူး
ကောင်းကင်ကို ၀တ်ရုံခွင့်မရှိလဲ
လရောင်နဲ့ စကားဆိုမယ်
ကျဉ်းမြောင်းလွန်းတဲ့ ကံကောင်းခြင်းများထဲ-----၊

Friday, March 13, 2009
ပုံပြင်
ဒီနေ့တော့ကျွန်တော်ကြားဘူးတဲ့ပုံပြင်လေးတစ်ပုဒ်လောက်ပြောဘို့စိတ်ကူးမိပါတယ်၊ ခက်တာက ကျွန်တော်က
ပုံပြင်ပြောဝါသနာမပါတော့ ပုံပြောတစ်ခါမှအလေ့အကျင့်မရှိဘူး၊ တစ်ခါတစ်လေ ကလေးတွေပုံပြင်ပြောခိုင်းတဲ့
အခါ ကျွန်တော်မှာ အခက်အခဲတွေရပါတယ် အဲဒီတော့နောကျေနေတဲ့ တစ်ခါလာလဲ ရွှေယုံနဲ့ရွှေကျားတစ်ခါလာလဲ ရွှေယုံနဲ့ရွှေကျား နဲ့ နောက်တော့ကလေးတွေတောင်ကျွန်တော့်ရဲ့ ပုံပြောစွမ်းရည်ကို မဲ့မဲ့သွားတော့တာပါပဲ၊ဒါပေမယ့် မနေ့ညက ကျွန်တော်သူငယ်ချင်းတစ်ယောက်က ပြောပြတဲ့ပုံပြင်လေးကိုတော့ အားလုံးကိုမျှဝေချင်တာနဲ့ကြိုးစားပြီးပြောပြပါ့မယ်၊ အဆင်မပြေရင်လဲ နားလည်မှုနဲ့ဖတ်ရှုပေးစေလိုပါတယ်... အင်း နိဒါန်းပြင်နေတာနဲ့ လိုရင်း မရောက်ပဲဖြစ်နေမှာ စိုးလို့ ကြွားချင်တဲ့ကျွန်တော့်အရည်အချင်းတွေကိုခဏအောင့်ထားပြီး စပြောပါပြီခင်ဗျာ။
ဟိုတစ်ခါက နတ်ပြည်မှာ သူငယ်ချင်းနတ်သားနှစ်ယောက်ရှိတယ်ဆိုပဲ တစ်နေ့သူတို့နှစ်ယောက်တွေတဲ့အခါ
တစ်ယောက်ကိုတစ်ယောက်စကားမပြောနိုင်လောက်အောင်ကို ၀မ်းနည်းပူဆွေးနေကြတယ်၊ ဒါနဲ့ နတ်သားတစ်
ယောက်ကစပြီး သူငယ်ချင်းရာ ငါကမကြာခင် နတ်သက်ကြွေရတော့မှ (နတ်သက်ကြွေတယ်ဆိုတာလူလိုဆိုသေ
တာကိုပြောတာပါ) နတ်သက်ကြွေတာက သဘာဝမို့ အဲဒီအတွက်ငါထူးပြီးဝမ်းနည်းနေတာမဟုတ်ပါဘူး ငါသေခြင်းတရားကို မကြောက်ပါဘူး ရင်ဆိုင်ရဲပါတယ် ဒါပေမယ့် နောက်ဘ၀ ငါရောက်ရမှာက တိရစ္ဆာန်ဘုံ နောက်ပြီး ဒီဘ၀ ကုသိုလ်အသစ်မရှိတော့လို့ နောက်ဘ၀မှာ ယုတ်ညံ့လွန်းတဲ့ တိရစ္ဆာန်ဖြစ်ရမယ့်အပြင် သားစိမ်းစားရမယ့် ကျေးငှက်ဖြစ်ရဦးမယ် အကုသိုလ်ပေါ်အကုသိုလ်ဆင့်ပြီး အသက်မွေးရမှာဆိုတော့ ဒီလို မြင့်
မြတ်တဲ့ နတ်သားဘ၀ကို ဘယ်လိုလုပ်ပြန်ရောက်နိုင်တော့မလဲ ငါ့အဖြစ်ကို မင်းသာစဉ်းစားကြည့်တော့ကွာ လို့
အချိန်ရှိတုန်း ကောင်းမှုမပြုခဲ့လို့နောင်တရနေတဲ့အသံလေးနဲ့ ပြောပြရှာတယ်။ဒါနဲ့ နောက်နတ်သားတစ်ယောက်
ကလဲ သူငယ်ချင်းရာ မင်းအဖြစ်က ငါ့အဖြစ်နဲ့စာရင် တော်ပါသေးတယ် ငါ့အဖြစ်ကမှ မင်းထက်ပိုဆိုတာကွ အခု
ငါလဲမကြာခင်နတ်သက်ကြွေရတော့မယ် မင်းလိုပဲ နောက်ဘ၀မှာ တိရစ္ဆာန် ဖြစ်ရမှာ မင်းကမှတော်သေး ငါက
သူများမစင်ပုံကိုမှီပြီးအသက်မွေးဝမ်းကြောင်းပြီးအသက်ရှင်ရမယ့် လောက်ကောင်လေးဖြစ်ရမှာ ငါ့အကြောင်းငါ
ပြန်တွေးမိတိုင်း ငါအရမ်းနောင်တရမိတယ်၊ ဘ၀ကို လွယ်လွယ်ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းခဲ့တဲ့အကျိုးဆက်က တိရစ္ဆာန်၊ ဒါနဲ့သူငယ်ချင်းနှစ်ယောက် ခဏငြိမ်းသွားကြတယ် ပြီးမှ လောက်ကောင်ဖြစ်မယ့် နတ်သားက သူငယ်
ချင်းရာ မင်းက ကျေးဖြစ်မှာဆိုတော့ငါ့ထက် ဘ၀ မြင့်ပါတယ် ငါကလောက်ဘ၀နဲ့ဆိုတော့ ဘယ်လိုမှလက်မခံနိုင်
ဘူးကွာ ဒါကြောင့် ငါတို့နောက်ဘ၀ကူးသွားပြီးရင် ငါ့ကို ကူညီဘို့ ဂတိတစ်ခုလောက်တော့ပေးပါကွာ လို့ပြောရှာ
တယ် ဒါနဲ့ ကျေးဖြစ်မယ့်နတ်သားကလဲ ကဲပါကွာ ငါဘာကူရမလဲသာပြောပါ ကူညီနိုင်တာဆိုဘာမဆိုကူညီပါ့မယ်
ငါလဲကုသိုလ်ရတာပေါ့ လို့ပြန်ပြီးပြောရှာတယ် သူငယ်ချင်းတွေကိုး မင်းကူညီရမှာက ကုသိုလ်ရမယ့်ကူညီခြင်းမျိုး
တော့မဟုတ်ဘူးမောင် အကုသိုလ်ဖြစ်မယ့် ကူညီခြင်းမျိုး ဒါနဲ့ ကျေးကန်းဖြစ်မယ့်နတ်သားက ဟ.. ငါက ကူညီရင်
ကုသိုလ်ရတာပဲကြားဘူးပါတယ် အခု ကူညီရင်အကုသိုလ်ရဦးမယ်ဆိုတော့အဆန်းပါလား ဘယ်လိုကူညီခြင်းမျိုး

လဲဆိုတာလဲရှင်းရှင်းပြောလေကွာလို့မေးတော့ တစ်ခြားတော့မဟုတ်ဘူး သူငယ်ချင်း နောက်ဘ၀ ငါလောက်ဖြစ်
တဲ့အခါ မင်းရဲ့ နှုတ်သီးထက်ထက်နဲ့ ငါ့ကိုလာပေါက်သတ်ပေးပါ၊ ဒါမှ အီလို ယုတ်ညံ့အောက်ကျတဲ့ဘ၀က
လွတ်မှာလို့ပြောတော့ ကျေးကန်းဖြစ်မယ့်နတ်သားက အေးပါသူငယ်ချင်းရာ မင်းမို့ငါအကူအညီပေးပါ့မယ် သည့်
ပြင်လူဆိုငါကူညီမှာမဟုတ်ဘူး ကုသိုလ်ကုန်လို့ တိရစ္ဆာန်ဖြစ်ရတဲ့အထဲ အကုသိုလ်နဲ့အသက်မွေးရမယ့်အပြင်
အကုသိုလ်ဆက်ဖြစ်ရဦးမှာဆိုတော့ မထူးဇာတ်ခင်းပြီးတော့ပဲ ငါကူညီပါ့မယ် လို့ဂတိပြုလိုက်သတဲ့။
ဒီလိုနဲ့ နတ်သားနှစ်ယောက်ဟာ နတ်ပြည်ကနေ နတ်သက်ကြွေပြီး တိရစ္ဆာန် လေးတွေဖြစ်လာကြတယ်၊တစ်နေ့
တော့ ကျေးကန်း ဖြစ်လာတဲ့နတ်သားလေးဟာ သူ့သူငယ်ချင်းကိုပေးခဲ့တဲ့ ဂတိလေးကိုသတိရပြီး အင်းငါ့သူငယ်
ချင်းတစ်ယောက်ဘယ်များရောက်နေပါလိမ့် ငါ့ဘ၀က ထင်သလောက်လဲမဆိုးသေးပါဘူး အစာရှာစားလိုက်
အိပ်တန်းတက်လိုက် လေထဲမှာ ၀ဲပျံလိုက် ဆိုတော့ပျော်စရာတွေတော့အရှိသား ငါ့သူငယ်ချင်းမှာသာ သူများ
မစင်ပုံမှာ အိုဆက်တွေးနေလဲ မထူးပါဘူး ငါပေထားတဲ့ဂတိအတိုင်း သွားပြီး ဒီလိုယုတ်ညံ့တဲ့လောက်ကောင်ဘဝ
ကနေကယ်ထုတ်ဦးမှဆိုပြီး သူငယ်ချင်းလောက်ကောင်လေးဆီ ကိုသွားသတဲ့၊ ဒါနဲ့ ရှာရင်း ရှာ ရင်းနဲ့ နောက်ဆုံး
တော့သူ့သူငယ်ချင်း လောက်ဖြစ်နေတဲ့ နတ်သားကိုတွေပါလေရော တွေ့တွေ့ချင်းပဲ အသံပေးပြီး သူငယ်ချင်းရေ
ဒီမှာငါရောက်နေပြီ မင်းကိုဒီလိုယုတ်နိမ့်တဲ့လောက်ဘ၀ကနေ ငါ ကယ်ထုတ်တဲ့အနေနဲ့မင်းကိုငါနှုတ်သီးနဲ့ပေါက်
သတ်ပေးတော့မယ် မင်းဘုရားတရားသာ အာရုံပြုပေတော့လို့ လဲပြောလိုက်ရော လောက်ဖြစ်နေတဲ့နတ်သားက
သူငယ်ချင်းရာ အရင်တုန်းက လောက်ဘ၀ဆိုတာ အရမ်းစိတ်ပျက်စရာကောင်းမှာပဲလို့ငါထင်မိလို့ပြောခဲ့တာပါ
တကယ်တော့လဲ ငါထင်ခဲ့သလိုမဆိုးပါဘူး၊ ခုကြည့်လေ မင်းမြင်တဲ့အတိုင်းပဲ ငါ့မှာ သားတွေသမီးတွေနဲ့ သိုက်
သိုက်ဝန်းဝန်း ဘယ်လောက်ပျော်စရာကောင်းလဲငါလဲဒီဘ၀ကိုခင်တွယ်နေတတ်ပါပြီ ငါ့အတွက်နဲ့ မင်းအကုသိုလ် တွေအဖြစ်မခံပါနဲ့တော့လို့ တောင်ပန်ပြီး သူငယ်ချင်းကျေးကန်းလေးကိုပြန်လွှတ်လိုက်သတဲ့၊
ဒါနဲ့ ကျေးကန်းလေးဟာ ဒါဆိုလဲကောင်းပါပြီကွာ ဘ၀ဆိုတာကို ငါသဘောပေါက်သွားပြီးလို့ပြောပြီး နှုတ်ဆက်
ပြန်သွားလေသတဲ့။ ပုံပြင်လေးကတော့ဒါပါပဲ မိတ်ဆွေများလဲ ဒီပုံလေးကိုဖတ်ပြီး ဘ၀နဲ့မကင်းတဲ့သတ္တ၀ါတွေ
အကြောင်းကို .......................စဉ်းစားရင်း

Tuesday, March 3, 2009
စုန်းပြူးည
ညကတိတ်ဆိတ်မှုထဲမှာပျော်ဆင်နေဆဲ
အိပ်မက်မဖြစ်ခဲ့တဲ့ဘ၀ရဲ့ ဆင်းရဲမှုကိုက အနုပညာဆန်နေရော့လား
တစ်နဲ့တစ်ပေါင်းလို့မှ တစ်မဖြစ်ခဲ့တော့လဲ
ကောင်မလေးရေ
နင်လဲမေ့ပတ်လိုက်ရုံ
ငါလဲ ကိုယ့်ရင်ခုန်သံကိုယ်ပြန်ဝှက်ကွယ်ထားလိုက်ရုံ၊
ရင်မောတယ်
အဆင်မပြေတိုင်းကိုယ်ရင်ကိုယ်ပြန်ဖိရဖန်များတော့လဲ
လက်ဖ၀ါးကြမ်ြး ကမ်းမှာ သွေခြည်ဥတည်ခဲ့၊
ကောင်မလေးရေ
မင်းကငါ့အတွက် ရေထဲကလရိပ်လို
ငါက ရိုးသားမှုကလွဲရင်ဘာအစာမှမတပ်ပဲမျှားခဲ့သူ
လောကကိုက
မာယာမသုံးရင်အရာမသွင်းချင်ဘူးထင်ရဲ့ ၊
ဒီည
အိပ်မက်တို့ခမ်းခြောက်နေတဲ့အခန်းကျဉ်းလေးထဲ
အတိတ်အကျိုးအကြေဗလပွနဲ့
ညဥ့်ငှက်တို့အိပ်တန်းလန့်နေပုံ။

Wednesday, February 18, 2009
ခရီးတစ်ခုဖြတ်သန်းခြင်း
ကျွန်တော်တို့အားလုံးဟာ ဘ၀ကိုစခဲ့ကတည်းက မိခင်ဝမ်းမှာ မွန်းကျပ်မှုတွေနဲ့
ဒုက္ခပေါင်းများစွာခံစားရပြီးမှ လူဆိုတဲ့အမည်တစ်ခုနဲ့ ခရီးတစ်ခုကိုစတင်ခဲ့ရတယ်။
္ခမိဘတွေရဲ့ မေတ္တာရိပ်မှာ ရင်ငွေ့လှုံခဲ့ ကြ သုခ ဒုက္ခ ချမ်းသာ ဆင်းရဲ စတဲ့ ဘာမှနားမလည်သေးတဲ့အရွယ်၊ ဒါပေမယ့် ကျွန်တော်တို့လူ့အဖြစ်ရဲ့ ပျော်ရွှင်ဘွယ်နေ့
ရက်တွေဆိုတာ မျောက်အုန်းသီးရသလိုမျိုး နဲ့ အဲဒီအချိန်တွေကိုဖြတ်သန်းခဲ့ကြတာ၊
ဒီလိုနဲ့ ရက်မှ လ၊ လမှနှစ် ကူးပြောင်းသွားသောအခါ
ဒုက္ခပေါင်းများစွာခံစားရပြီးမှ လူဆိုတဲ့အမည်တစ်ခုနဲ့ ခရီးတစ်ခုကိုစတင်ခဲ့ရတယ်။

ရက်တွေဆိုတာ မျောက်အုန်းသီးရသလိုမျိုး နဲ့ အဲဒီအချိန်တွေကိုဖြတ်သန်းခဲ့ကြတာ၊

အချိန်တွေဟာ ဘ၀ဆိုတာကို စတင်အဓိပ္ပါယ်ဖေါ်ဆောင်ဘို့ တာစူခဲ့ကြပါတယ်။
်

Subscribe to:
Posts (Atom)