Wednesday, October 28, 2009

မြောက်ပြန်လေသင့်ချိန်

အိပ်မက်တွေနဲ့ထုဆစ်ထားတဲ့ဘဝ
ဘာတွေဖြစ်လာဦးမှာလဲ
ဖြစ်ချင်တာတွေလား ဖြစ်သင့်တာတွေလား
အဲဒီလိုနဲ့ သံယောဇဉ်တွေအစိမ်းရောင်သမ်းခဲ့၊

အလှ
ခံစားမှုမှာစွဲထင်လွန်းတဲ့ရေးချက်များ
အနုပညာကိုက အလွမ်းနဲ့ထိတွေ့မှ ပိုလှတတ်တဲ့အရာ
ဒုက္ခနဲ့တွေ့မှ ပိုအဓိပ္ပါယ်ရှိလာတတ်တဲ့အရာ၊

ခံစားမှု
မြောက်ပြန်လေလို အမျိုးအမည်တပ်မရတဲ့ရသ
ဆေးခါးလေ ဝေဒနာပြင်းလေ
ည ည ဆို သူ့တေးသံနဲ့သူပြန်ငိုတတ်တာသဘာဝ၊

ဘ၀ အလှ ခံစားမှု
ဖြစ်တည်မှုလေးထဲအလိုက်သင့် အနံသင့်
ရင့်ရော်မှုမှာမှ တည်ငြိမ်တတ်လွန်းတော့လဲ
ဟောဒီနိဒါန်းက သောကနဲ့ဖွဲ့မှ နွဲ့တယ်။







No comments: