မကြာခဏ
သံသယတွေနဲ့ခလုတ်တိုက်ဖန်များတော့လည်း
ဆက်ဆန်ရေးတွေမှာ မျက်ရည်လူးခဲ့ရတယ်ပေါ့
ရင်နှင့်ရင်းပြီးဖွဲ့ခဲ့ရတဲ့လင်းအိမ်ဖွဲ့ဂီတမှာ
ဘယ်ဝဋ်ကြွေးနဲ့ တို့ဝေးခဲ့ကြတာလဲ
အနာဂတ်တွေတဖန်လင်းခွင့်ရှိဦးမလား
မချင့်မရဲ မျှော်လင့်နေရတဲ့သောက
ဘယ်လိုတေးနဲ့ချော့မြှူရပါ့မလဲ
လွမ်းဘို့ချစ်ခဲ့တာမဟုတ်ပေမယ့်
ချစ်မိတော့လဲလွမ်းနေရဦးမည်ပေါ့
တချိန်က
ကျောင်မှာအတူစကားပြောဖြစ်တချိန်ကပေါ့
မင်းမျက်နှာလေးကိုငေးရင်း
တစ်နေ့ဝေးရမယ်ဆိုတဲ့အသိလေးနဲ့တင်
ဒီရင်ဟာဖျက်ဖျက်လူးနာကျင်ခဲ့ရပါတယ်
မင်းမရှိတဲ့နေ့ဆို
ဆော့ဝဲ(လ်)မရှိတဲ့ကွန်ပျူတာလိုပါပဲ
ကောင်မလေးရေ
မင်းနဲ့ပတ်သက်ခဲ့သမျှ
ဗိုင်းရပ်အကိုက်ခံခဲ့ရတဲ့လှုပ်ရှားမှုတွေကလွဲလို့
အိပ်ဆေးမတိုးတော့တဲ့ညတွေကလွဲလို့
အသံမဲ့စီးဆင်းနေတဲ့လွမ်းချင်းတွေကလို့
အထိတ်တလန့်ရင်ခုန်စေဆဲမင်းမျက်ဝန်းတွေကလွဲလို့
မင်းရဲ့အကြည့်စိမ်းစိမ်းတွေကလွဲလို့
ငါဘာတွေများ
ပိုင်ဆိုင်ခွင့်ရခဲ့ပါလိမ့်
Tuesday, August 26, 2008
Monday, August 18, 2008
အိပ်မက်ခရီးသည်


၁။ လှုပ်ရှားမှုတိုင်းမှာ
လေးလံမှုကကပ်ပါးတစ်ကောင်လိုကပ်ပါနေစမြဲ
တစ်ခါတစ်လေ
တို့ဘာကြောင့်သတိမမူမိခဲ့ပါလိမ့်
တိုက်ဆိုင်မှုသက်သက်ပါပဲ
ဟန်ဆောင်မှုကင်းတဲ့ဟောဒီဆည်းဆာက
တို့အရိပ်တွေရှည်လျားစေခဲ့
လူဆိုတာကိုယ်ပိုင်အတ္တကိုယ်စီနဲ့ခရီးဆက်နေသူ၊
ိိ
၂။ ငါကမလိမ္မိုးမလိမ္မာ
တွေဝေဘို့အတွက်ခေါင်းမာလွန်းသူ
ချမ်သာမှုဆိုတာလည်း
ဆေးဆိုးပန်းရုက်ပျော်ရွှင်ခြင်းများရဲ့အမည်
ယုံကြည်မှုက
အကြောင်းတရားအရှိသဘောထားသူ
မနက်ဖြန်ဆိုတာ
အလုံပိတ်အိုးတစ်လုံးထဲကရာသီဥတု
မိုးရွာမည်လား
နေသာမည်လား
နှင်ဝေမည်လား
မသေချာခြင်းများနဲ့ကြီးပြင်းခဲ့ရတဲ့အသက်
သေချာတယ်
စကားလုံးတိုင်းအရောင်မရှိဘူး၊
၃။ အမေကပြောတယ်
သောက်လက်စကော်ဖီကိုမြန်မြန်လက်စသတ်လိုက်တော့
နေ့တစ်နေ့မှာ
ဇိမ်ခံဘို့မင်းအတွက်အချိန်များများသက်မှတ်ခွင့်မရှိဘူးတဲ့
ကြိုးစားခွင့်ရှိနေဆဲဆိုရုံလေး
မျော်လင့်ချက်တွေမုတ်သုံမလွတ်တဲ့ကာလ
ဘာသာတရားနဲ့ထိန်းမတ်တဲ့ကြားက
ငါ့တည်ငြိမ်မှုက
မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့ပမာ၊
၎။ မျက်ဝန်းဒေါင့်ကျိုးလေးမှာလာရပ်တဲ့လောကအသံ
အဆံမပြည့်သေးတဲ့သစ်သီးတစ်လုံးလို
သူတို့ငါ့ကိုတရားဟောကြတယ်
ဟန်ဆောင်တတ်ဘို့
ငါ့ကိုယ်ငါပြန်ညာတတ်ဘို့
ညကိုကြယ်တွေလိုငေးကြည့်မိရဲ့
ခံစားချက်တိုင်းမှာ
မြှုံးမိတဲ့ငါးတစ်ကောင်လိုအနာဂတ်လက်မဲ့
ဟောကြည့်
မာယာတွေဈေးပေါလွန်းတဲ့ဒီခေတ်
ဘာကြောင့်များကမ္ဘာမြေကထမ်ပိုး ထားပါလိမ့်၊
၅။ လူတွေဟ်ာငွေရဲ့ကျေးကျွန်
ချမ်းသာမှုဆိုတာလဲ
အမြဲငွေနဲ့ပေးဝယ်လို့မရတန်ကောင်းရဲ့
အဒီလိုအပြောမတတ်မှုတွေကြောင့်
ငါ---လူတွေနဲ့မကြာခဏကင်းကွာခဲ့ဘူးတယ်
မျှော်လင့်ချက်
အသက်တစ်ရာတည်မြဲခွင့်မဲ့လူ့အသိုက်အမြုံလေးထဲ
သေဆုံးမှုကအကြိမ်တစ်ရာအလွန်
ဒုက္ခတရားဆိုတာ
သုခတရားကိုမြတ်နိုးတတ်လာစေဘို့
နာမည်ဆိုးအတတ်ခံလိုက်ရတဲ့နိယာမတစ်ခုပါပဲ၊
၆။ ကောင်းကင်မှာကြယ်ပျောက်ထိုးရုံနဲ့တော့
ဒီညမိုမရွားဘူးလို့တစ်ထစ်ချမပြောနိုင်သေး
မိုးမလုံတဲ့အိမ်ခေါင်မိုးနဲ့
လေမလုံတဲ့အကာအရံနဲ့
မျက်ရည်မခြောက်သေးတဲ့မျက်ဝန်းတွေနဲ့
မအိပ်ခင်အတွေးတစ်ချက်ဝင်လာတယ်
ငါလိုနေသေးတယ်
ပြီး
ငါဖြစ်ရမယ်၊
၇။ မတောင်းဆိုခင်ကငြင်းပယ်ထွက်ခွာသွားသောပင့်ကူလေးရေ
ငါ့ကိုယ်တိုင်ရေးကဗျာရှည်လေးထဲ
တငွေ့ငွေ့လေးလွမ်းဆွတ်နေဘို့
မင်းနာမည်လေးချန်ထားခဲ့တာကိုပဲကျေးဇူးတင်ပါရဲ့
ငြိမ်ချမ်းမှုဝေါဟာရ
လတ်တလောသတ်ပုံမှာရေးမိတဲ့ငါ့ဒိုင်ယာရီလေးထဲ
နှင်တို့ဝေဆဲ ကြွေနေဆဲ
ဘာပဲဖြစ်ဖြစ်
ငါတို့ရဲ့ဖွဲ့နွဲ့မှုက တစ်ဘ၀မှာတစ်ပုဒ်တည်းပါပဲ
အတိမ်အနက်ဆိုတာ
တိုင်းတာသူရဲ့သရုပ်သကန်
ဟောကြည့်
ဟိုးအဝေးမှုံဖျဖျမိုးကုတ်စက်ဝိုင်းအောက်မှာ
မီးတုတ်တစ်လက်နဲ့
နှင်းဝတ်ရုံခြုံထားတဲ့အိပ်မက်ဖြူဖြူတွေ။
ရင့်ငြိမ်းစံ
Saturday, August 16, 2008
သင့်မှာစာဖတ်ဖို့အချိန်ရှိပါသလား
ဘ၀မှာ သာယာငြိမ်ချမ်စွာဖြတ်သန်းချင်သူတစ်ယောက်အနေနဲ့သင်ယူစရာ
သင်္ခန်းစာတွေများစွာရှိနေသလိုမဖြစ်မနေလေ့လာရမယ့်ဗဟုသုတတွေကလဲ
ဒုနဲ့ဒေးပါပဲ၊သာယာငြိမ်းချမ်းပြီး ပြီးပြည့်စုံတဲ့ဘ၀တစ်ခုနဲ့အသက်ခုနစ်ဆယ်
လောက်ရှင်သန်ရဘို့အနှစ်သုံးရာလောက်အသက်ရှင်ရပ်တည်ပြီးအခက်အခဲတွေ
အတားအဆီးတွေတွေ့ကြုံဘို့လိုအပ် ပါတယ်၊ဒါတောင်လုံလောက်တဲ့သင်္ခန်းစာနဲ့
ဗဟုသုတရရှိမယ်လို့တစ်ထစ်ချမပြောနိုင်ပါဘူးလိုလျှင်ကြံဆနည်းလမ်း
ရလို့လူတိုင်းလူတိုင်းပြောဆိုနေသလိုကျွန်တော်တို့လိုအပ်တဲ့သင်္ခန်းစာနဲ့ဗဟုသုတ
တွေရရှိဘို့နည်းလမ်းက တော့ရှိနေတာအမှန်ပါပဲ၊ အဲဒီနည်းလမ်းကတော့စာဖတ်
ခြင်းပါပဲ၊စာဖတ်ခြင်းကြောင့် ကျွန်တော်တို့လိုချင်တဲ့ ဘ၀ကိုဖန်တီးတည်ဆောက်လို့
ရနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ မြန်မာလိုစာဖတ်ခြင်းလို့ခေါ်တဲ့
READINGဆိုတဲ့စကားလုံးဟာ.
၁=R-rationalism=အကျိုးအကြောင်းထောက်ဆပြီးယုံကြည်တဲ့အယူအဆ၊
၂=E-expectancy or effort =မျှော်လင့်ချက်နဲ့အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်၊
၃=A-acquaintance=သတင်းအချက်အလက်ပတ်ဝန်းကျင် ဗဟုသုတ၊
၎=D-delicacy= နုညံ့သိမ်မွေ့မှု၊
၅=I-invention=တီထွင်မှု၊
၆=N-noble=မြင့်မြတ်မှု၊
၇=G-gallantry or glory= ရဲရင့်မှု သို့မဟုတ် ဂုဏ်ဒြပ် ဆိုတဲ့အားပါတဲ့စကားလုံးအသီးသီးကနေ
ဆင်းသက်လာတဲ့အနှစ်ချုပ်ဝေါဟာရလေးဖြစ်လို့ပါပဲ။ဒါကြောင့်သင်္ခန်းစာတွေဗဟုသုတတွေနဲ့ ပြည့်စုံပြီးငြိမ်းချမ်းသာယာတဲ့ဘ၀ပိုင်ဆိုင်ဘို့စာဖတ်ဘို့အချိန်ရှိသင့်တယ်လို့ယူဆမိပါကြောင်း၊
သင်္ခန်းစာတွေများစွာရှိနေသလိုမဖြစ်မနေလေ့လာရမယ့်ဗဟုသုတတွေကလဲ
ဒုနဲ့ဒေးပါပဲ၊သာယာငြိမ်းချမ်းပြီး ပြီးပြည့်စုံတဲ့ဘ၀တစ်ခုနဲ့အသက်ခုနစ်ဆယ်
လောက်ရှင်သန်ရဘို့အနှစ်သုံးရာလောက်အသက်ရှင်ရပ်တည်ပြီးအခက်အခဲတွေ
အတားအဆီးတွေတွေ့ကြုံဘို့လိုအပ် ပါတယ်၊ဒါတောင်လုံလောက်တဲ့သင်္ခန်းစာနဲ့
ဗဟုသုတရရှိမယ်လို့တစ်ထစ်ချမပြောနိုင်ပါဘူးလိုလျှင်ကြံဆနည်းလမ်း
ရလို့လူတိုင်းလူတိုင်းပြောဆိုနေသလိုကျွန်တော်တို့လိုအပ်တဲ့သင်္ခန်းစာနဲ့ဗဟုသုတ
တွေရရှိဘို့နည်းလမ်းက တော့ရှိနေတာအမှန်ပါပဲ၊ အဲဒီနည်းလမ်းကတော့စာဖတ်
ခြင်းပါပဲ၊စာဖတ်ခြင်းကြောင့် ကျွန်တော်တို့လိုချင်တဲ့ ဘ၀ကိုဖန်တီးတည်ဆောက်လို့
ရနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ မြန်မာလိုစာဖတ်ခြင်းလို့ခေါ်တဲ့
READINGဆိုတဲ့စကားလုံးဟာ.
၁=R-rationalism=အကျိုးအကြောင်းထောက်ဆပြီးယုံကြည်တဲ့အယူအဆ၊
၂=E-expectancy or effort =မျှော်လင့်ချက်နဲ့အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်၊
၃=A-acquaintance=သတင်းအချက်အလက်ပတ်ဝန်းကျင် ဗဟုသုတ၊
၎=D-delicacy= နုညံ့သိမ်မွေ့မှု၊
၅=I-invention=တီထွင်မှု၊
၆=N-noble=မြင့်မြတ်မှု၊
၇=G-gallantry or glory= ရဲရင့်မှု သို့မဟုတ် ဂုဏ်ဒြပ် ဆိုတဲ့အားပါတဲ့စကားလုံးအသီးသီးကနေ
ဆင်းသက်လာတဲ့အနှစ်ချုပ်ဝေါဟာရလေးဖြစ်လို့ပါပဲ။ဒါကြောင့်သင်္ခန်းစာတွေဗဟုသုတတွေနဲ့ ပြည့်စုံပြီးငြိမ်းချမ်းသာယာတဲ့ဘ၀ပိုင်ဆိုင်ဘို့စာဖတ်ဘို့အချိန်ရှိသင့်တယ်လို့ယူဆမိပါကြောင်း၊
DO YOU HAVE THE TIME TO READ
Just as there are a lot of lessons to learn must study so
many knowledge as for a man who wish to live serenely
in life. To live serenely in a life about seventy years we
are in need of existing and meed with problems or
difficulties about three hundred years.But, it is not
sure whether we can obtain a beautiful life and
enough knowledge or not.Every body just as says
"that there is a will there is a ways" we may have ways
and means surely how to get quality of life. It is only
reading I think. Reading, we can become we are because,
reading comefrom an abbreviation that seven
words that" R",E,A,D,I,N,G; R which mean
rationalism, "E" which mean expectancy or effort,
"A" which meanacquaintance,"D" which mean
delicacy," I " which mean invention"N" which
mean noble, "G" which mean gallantry or glory.
So, I think that we should have the time
to read any book to get so many knowledge,
face up problems or difficulties, be perfect
in life and live serenely,But only reading without
action is useless.
--
Tuesday, August 12, 2008
ှSeven kinds of lover
1=One who anger, defame, underestimate, consider his or her lover like a slave, attach another and easily kill his lover for self-interest is lover like murderer.
2=One, who love to seize and make own his or her wealth and get his or her lover to be out of ways and means for self is lover such a thief.
3=One, who love to seize and make own his or her wealth and get his or her lover to be out of ways and means for self is lover such a thief.
4=One, who serve and make sweet heart benefit or welfare without selfishness and as mother protect and look after her son, so do sweet heart is lover such a mother.
5=As if younger sister reveres, be shy of, be afraid of, and comply with her or his elder sister, so do sweet heart is lover like a younger sister.
6=One, who have morals and is mirth as he or she meets own sweet heart like friend and friend is lover like a friend.
7=One who is not angry, cross and comply with sweet heart is lover like a slave.
2=One, who love to seize and make own his or her wealth and get his or her lover to be out of ways and means for self is lover such a thief.
3=One, who love to seize and make own his or her wealth and get his or her lover to be out of ways and means for self is lover such a thief.
4=One, who serve and make sweet heart benefit or welfare without selfishness and as mother protect and look after her son, so do sweet heart is lover such a mother.
5=As if younger sister reveres, be shy of, be afraid of, and comply with her or his elder sister, so do sweet heart is lover like a younger sister.
6=One, who have morals and is mirth as he or she meets own sweet heart like friend and friend is lover like a friend.
7=One who is not angry, cross and comply with sweet heart is lover like a slave.
Saturday, August 9, 2008
တစ်ကိုယ်ရေမှတ်တမ်း

ဘာရယ်မဟုတ်ဘူး
မိုင်တိုင်အမှတ်(26)အလွန်ရောက်မှ
အချစ်ကိုစိတ်နဲ့ကစားကြည့်ခဲ့တာ
ဘာရယ်မဟုတ်ဘူး
နှင်းဆီဝါအိပ်မက်တစ်လှေစာနဲ့
ဘ၀ကိုသွေးတိုးစမ်းကြည့်ခဲ့တာ
ဘာရယ်မဟုတ်ဘူး
တစ်သက်စာစိတ်ကူးချိုချိုတွေနဲ့
မင်းမျက်နှာကိုတိတ်တိတ်လေးပုံရိပ်ကူးခဲ့တာ
ဘာရယ်မဟုတ်ဘူး
(ဘာမသိညာမသိ)
နယ်ကျွံယုံကြည်ချက်တွေနဲ့
ဘုရားရှေ့မှာအတူအဓိဋ္ဌာန်ခဲ့တာ
ကောင်မလေးရ
ဘာမဟုတ်ညာမဟုတ် နင်ထွက်သွားတော့
အချစ်ကစိတ်ကိုပြန်ကစားလို့
အိပ်မက်ကညကိုပြန်လှည့်စားလို့
ပြောဖြစ်ခဲ့သမျှစကားလုံးလှလှလေးတွေက
ငါ့ကော်ဖီခွက်ထဲမိုးတွေရွာစေလို့
မင်းပုံရိပ်က
ငါ့နှလုံးသားမှာအမာရွတ်လိုထင်ကျန်ရစ်လို့
ခုတော့
ဘာမသိညာမသိ
အခွံသက်သက်မိုးလို
ငါ--လွင့်မျောနေခဲ့။
မြတ်ငြိမ်း။။
Thursday, August 7, 2008
ရေလောင်းခြင်း
ပတ်ဝန်းကျင်ကိုချည်းငဲ့ကြည့်နေမည်ဆိုလျှင်
ကိုယ့်ကိုကိုယ်လျစ်လျှူရှုရာရောက်ပါတယ်
ကိုယ့်ကိုကိုယ်လျစ်လျှူရှုရာရောက်ပါတယ်
The winter without snow and cool

I gave you all my love,
yet I got indifference from you only.
It is autumn and the leave are beginning to yellow,
then, you left me lonely, my dream were color-blind.
Feeling heart rounding missing were my nourishment,
in unjust nature law.
It is winter,
but not snow.
It is winter,
yet there not blow cool wind.
But I am gazing at your back
in the mist,
making sentimentality haze
in stead of snow,
in my open ground- heart.
Myatnyein
Even You Couldn't

Even You Couldn't
I've been dreaming you
light and dark
even you couldn't regard that.
I've been singing a sound all on you
even you couldn't hear it.
I've been keeping a ray
even you couldn't help to dream come truth this.
I've been sentimentalizing to you all the time
even you couldn't have a mercy on me.
I've been doting upon you with unwavering love,
even you couldn't return me.
I've been ------------.
ဘ၀ကိုစကားလုံးများဖြင့်ဆေးရောင်ချယ်ခြင်း
အရောင်တလတ်လတ်စကားဝိုင်းထဲ
မှတ်ချက်ကိုယ်စီအသက်ပြင်းပြင်းရှုနေတဲ့အယူအဆများ
အနုပညာစမ်းချောင်းလေးတလျောက်စီးဆင်းလို့
ဘေးကမေးထောက်ငေးရီနေတဲ့ကောင်မလေးက
အဲဒီစကားဝိုင်းလေးခံစားမှုများရဲ့သားကောင်အဖြစ်အသက်သွင်းနေမည်လား
တဒင်္ဂ
ကိုယ့်နာမည်ကိုယ်မေ့လျော့သွားခ
ဲ့အဲဒီနေ့
အိမ်အပြန်လမ်းမှာ
ငါ့ကိုယ်ငါရဲဆေးတင်လိုက်တယ
်တောင်းဆိုချက်တွေပိုင်ဆိုင်ထားတဲ့ဘ၀က
အမြဲငြင်းဆန်ခံရဘို့မဟုတ်ဘူး
အဲဒီလို
စိတ်ကူးများနဲ့မြူးကြွခဲ့တဲ့ခြေလှမ်းများ
အိမ်အ၀င်ဝသဘာဝအလှတွေနဲ့မဲမဲမှောင်နေတဲ့အခန်းတံခါးရှေ့မှာကျက်သေသေလို့
ဆန်အိုးထဲကတစ်ဆုပ်စာဆန်အကျိုးအကြေနဲ့
တဂွိဂွိလှောင်ရယ်နေတဲ့လေနာရောဂါကိုဘယ်လိုငြိမ်းချမ်းရေးဆိုရပါ့
ဒီညလည်း
အ၀စားနှစ်ရာတန်နဲ့ပွဲတော်တည်ရဦးမယ်
ဆာလောင်မှုတွေရဲ့ထွက်ပေါက်ကျဉ်းမြောင်လွန်းတဲ့ခေတ်
အနုပညာကအဆင်မပြေမှုတွေနဲ့ပခုံးဖက်ကြီးပြင်းလာရော့လား
ဆင်းရဲမှုတွေနဲ့အပွေးတတ်လှပရမယ့်ဘ၀ရဲ့ခန်းနားကြီးကြယ်ချိန်ကဘယ်မှာလဲ
ကဗျာမရေးတော့ဘူး
စိတ်ပျက်ပျက်နဲ့ဘော(လ်)ပင်ကိုလွှတ်ချမိလိုက်တော့
စကားလုံးတွေနဲ့တသွေးတမွေးလှနေတဲ့စာမျက်နှာက
ငါ့ကိုကလူကမြူပြုလို့
လင်းရိပ်နင်တဲ့နေ့
ရင်ရဲ့လင်းလတ်လာတဲ့အလင်းနဲ့
ရင်ကိုပြန်ကွယ်ထားခံရတဲ့နေ့
အဲဒီနေ့က
ဘ၀နဲ့အိပ်မက်တစ်ထပ်တည်းမကျခဲ့ပုံ
ဆောင်းရာသီက
ထစ်ချူန်းမိုးတွေရွာပြီသရုပ်ဖေါ်တယ်၊
တစ်ဘ၀မှာတစ်ပုဒ်တည်း
စိတ်ရေးဖွဲ့ခဲ့သမျှ အိပ်မက်ချွေတမ်းမှာ
အလွမ်းနဲ့အနားကွတ်နေရုံကလွဲလို့
မင်းရင်ခုံသံတွေပြန်မလာနိုင်တော့
စိတ်က
ဘ၀ရဲ့အပေါ်စီးကနေကြည့်ချင်ခဲ့တယ်
ကောင်မလေးရေ
ညကလကိုကွယ်တာလား
ညကိုလကကွယ်တာလား
မင်အလိုကျ
ငါ့ကိုယ်ငါပြန်ကွယ်ထားလိုက်ချင်ရဲ့
ခုတော့
အိပ်ဆေးမတိုးတော့တဲ့ညနဲ့
ကဗျာတွေဝေါဟာရမဲ့လို့
ပန်းချီကားတွေဆေးရောင်ပြယ်လို့
ငါ့နာမည်လည်း
အလွမ်းမှာမွန်းနစ်လို့
ရင်ကိုပြန်ကွယ်ထားခံရတဲ့နေ့
အဲဒီနေ့က
ဘ၀နဲ့အိပ်မက်တစ်ထပ်တည်းမကျခဲ့ပုံ
ဆောင်းရာသီက
ထစ်ချူန်းမိုးတွေရွာပြီသရုပ်ဖေါ်တယ်၊
တစ်ဘ၀မှာတစ်ပုဒ်တည်း
စိတ်ရေးဖွဲ့ခဲ့သမျှ အိပ်မက်ချွေတမ်းမှာ
အလွမ်းနဲ့အနားကွတ်နေရုံကလွဲလို့
မင်းရင်ခုံသံတွေပြန်မလာနိုင်တော့
စိတ်က
ဘ၀ရဲ့အပေါ်စီးကနေကြည့်ချင်ခဲ့တယ်
ကောင်မလေးရေ
ညကလကိုကွယ်တာလား
ညကိုလကကွယ်တာလား
မင်အလိုကျ
ငါ့ကိုယ်ငါပြန်ကွယ်ထားလိုက်ချင်ရဲ့
ခုတော့
အိပ်ဆေးမတိုးတော့တဲ့ညနဲ့
ကဗျာတွေဝေါဟာရမဲ့လို့
ပန်းချီကားတွေဆေးရောင်ပြယ်လို့
ငါ့နာမည်လည်း
အလွမ်းမှာမွန်းနစ်လို့
Tuesday, August 5, 2008
ခရမ်းပြာနေ့

ဒီနေ့လည်းနေမသာဘူး အလွမ်းတွေ နဲ့အုံ့ဆိုင်းနေတဲ့ကောင်းကင်က
ငါ အစားမှားခဲ့တာပါတဲ့စောင့်နေကျကားမှတ်တိုင်လေးမှာ ဘယ်တော့စိမ်းလာမည်ဒမသိတဲ့မီးပွိုင့်လေးကိုငေးရင်း ငါ့ကိုယ်ငါပျောက်ဆုံးနေခဲ့၊
အစရှိလျှင် အဆုံးရှိတယ်တဲ့ ကောက်ကြောင်းမလေးရေ--- ငါတို့နှစ်ပြီးဆုံးသွားပြီလို့သတ်မှတ်မယ်ဆိုလျှင် အစကိုဘယ်လိုပြန်ပုံဖေါ်ကြမလဲ၊ ကောင်းကင်ကိုမော့ကြည့်တော့သူလည်းသူ့မောဟနဲ့သူ-ငါ့ကိုယ်ငါပြန်ကြည့်မိတော့လည်း ငါ့သောကနဲ့ငါ------စမးချောင်းလေးဖြတ်စီးဆင်းသွားတယ်--- ကောင်းကင်ရေ
မင်းငိုနေသလား ငါတော့ဘယ်တော့မှမငိုဘူး--ကောင်းကင်ကမေးတယ်-- မင်းမတိဗက်ဆောင်းရာသီလားတဲ့ ကောင်မလေးရေငါဘယ်လိုဖြေလိုက်ရမှာလဲ။ ည--အိပ်ဆေးမတိုးတာဘယ်လောက်ကြာပြီလဲ၊ တစ်ဘ၀မှာတစ်ခါဘဲမက်ခွင့်ရှိတဲ့အိပ်မက် ကောင်မလေးရေ--ဘာကြောင့်များနင် ငါ့ကော်ဖီခွက်ထဲ အလွမ်းနဲ့ရော ခက်ခဲ့တာလဲ၊
ခုတော့ ---လူမသိသူမသိ တိတ်တိတ်လေးဖျားနာနေတဲ့အိပ်ယာလေးနဲ့ အလွမ်းတွေ
မင်းအလိုကျ သံသရာရှည်အောင်ဆန့်လိုက်ပါတယ်၊
Friday, August 1, 2008
နှလုံးသားကစီးဆင်းလာတဲ့ချော်ရည်မြစ်တစ်စင်းပါပဲ
ဘယ်သူမှလွမ်းဘို့ချစ်ခဲ့တာမဟုတ်ပေမယ့် ချစ်မိတော့လည်း
လွမ်းနေရဦးမည်ပေါ့
The art of living
Life is the house propped with dream and tied with love,attachment, hate, happiness, mirth, sorrow and sentimentalities. To be a human beingsome and realize what is life,why we should live, how should we do, spent time and money and what should we relinquish? As natural law, even though we accept that future is not sure because, every thing is ever able to changewe must be out to attempt so that we can obtain success in life. Every person want success wealth and integrities but a few people get them: why? if we consider about that we will fond the point"that a few people try to enter the action wiselyand never afraid of to face difficulties and problems and ready to solve all difficulties and problems so, they become they are.That's why we must face and solve all difficulties and problems because, difficulties and problems only can force us to be successful and all what we wanted. When we meet with difficulties we need to be ready to
face them owing to success nevercome lonely but, difficulties and problems.
ရှင်သန်မှုအနုပညာ
face them owing to success nevercome lonely but, difficulties and problems.
ရှင်သန်မှုအနုပညာ
ဘ၀ဆိုတာမျှော်လင့်ချက်တွေ နဲ့ထောက်ကန်ထားပြီး ချစ်ခြင်းတရားတွေ သံယောဇဉ်တွေ အမုန်တရားတွေ ပျော်ရွင်မှုတွေရယ်ပွဲဖွဲ့မှုတွေဝမ်းနည်မှုနှင့် အမျိုးအမည်ဖေါ်မရတဲ့ခံစားချက်တွေနဲ့ဖွဲ့နှောင်ထားတဲ့အိမ်တစ်လုံးပါပဲ၊လူသားပီသတတ်ဘို့ ဘ၀ဆိုတာ ဘာလဲ ဘာအတွက်ရှင်သန်နေကြတာလဲဘာတွေလုပ်တင့်သလဲ အချိန်တွေငွေတွေဘယ်လိုအသုံးချသင့်သလဲ ဘယ်လိုအရာတွေစွန့်လွတ်သင့်သလဲ၊ သဘာဝတရားအရ အနာဂတ်ဆိုတာအမြဲပြောင်လဲနေတဲ့အတွက် မသေချာမှန်သိပေမယ့် အောင်မြင်ဘို့အတွက် မဖြစ်မနေ ကြိုးစားအားထုတ်ရမှာပါပဲ၊ လူတိုင်းလူတိုင်းအောင်မြင်ခြင်ကြတယ် ဒါပေမယ့် တကယ်အောင်မြင်တဲ့သူ အရေအတွက်ကတော့ အရမ်းကိုနည်းလွန်နေတာတွေ့ရမှာပါ ဘာကြောင့်လဲဆိုတော့ ကြိုးစားတဲ့သူအခက်အခဲ တွေ့ရင် ရင်မဆိုင်ရဲဘဲ ရှောင်ထွက်သွားတတ်ကြလို့ပါပဲ၊ ကျွှန်တော်တို့ရဲ့အောင်မြင်မှုဟာ ကျွှန်တော်တို့ ဘယ်လောက် အခက်အခဲတွေကျော်လွှားနိုင်သလဲဆိုတဲ့အပေါ်မှာမူတည်နေပါတယ်၊ အခက်အခဲမရှိဘဲ အောင်မြင်မှုဆိုတာ မရှိနိုင်ပါဘူိးိိ်
ဂစ်တာသံဆိတ်သုဉ်းတဲ့ည


အတိတ်ကနွေးထွေးမှုတွေလဲ
ငါ့အနားမှာစီးဆင်းခွင့်မရှိတော့ပြီပဲ
ဆောင်းနံနက်ခင်းလို
အေးခဲလာတဲ့ဆက်ဆံရေး
အနာဂတ်ရဲ့နိမိတ်ပုံများလား
မနက်ဖြန်ပြောဖြစ်မယ့်စကားဝိုင်းလေးထဲ
နားလည်မှုတွေနဲ့ ငြိမ်းချမ်းရေးဆိုချင်ရဲ့
ခုတော
့အသိစိတ်နဲ့ထိန်းချုပ်ထားရတဲ့ခံစားမှုများ
ရင့်ကျက်မှုအစစ်လို့ကိုယ့်ကိုကိုယ်ပြန်ညာလို့ရင်လဲအကောင်းသား
ပန်းချီဆရာ
ဆေးစက်ကျရာအနုပညာဖြစ်သေးရင်
ဘာကြောင့်များမသေချာခဲ့ကြတာလဲ
သစ်ပင်စိုက်ရင်တောင်မှသစ်သီးစားရဘို့မသေချာတဲ့ရာသီ
တိမ်တွေအလိပ်လိုက်ဖြတ်သွားတာမြင်တိုင်း
မချင့်မရဲလွမ်းမိပါရဲ့ချစ်သူ
မင်းအမြင်မှာ
ငါကလမိုက်ည
အင်္ဂါမစုံတဲ့မိုးကောင်ကင်
မျှော်လင့်ချက်နဲ့တည်ဆောက်ခဲ့သမျှ
လောင်ကြွမ်းခံဘို့စောင့်နေရတဲ့အဖြေ
ရင်နင့်သီးချာ
ညက ညမဆန်တော့ဘူး။
နွေဦးညနေ

ပိတောက်တွေပွင့်ကြွေနေတဲ့မြေနီလမ်းလေးလဲ
ပန်ချီကားဆန်ဆန်အရောင်ပြယ်လွင့်လို့
ဘ၀ကို အချစ်နဲ့ကဲ့တင်ချင်တဲ့ တိမ်ပြာပြာနေ့များ
ရှင်သန်ရာ အသိုက်အ၀န်းကဖဲ့ခြွေရက်ရဲ့
နှလုံးသားကိုနှစ်ပိုင်းပိုင်းမှ ရင်ခုန်သံမှန်မယ်လို့ယူဆနေတဲ့လောကထဲ
ငါ့မှာတော့ တစ်သက်စာရေးဖွဲ့ခဲ့သမျှ
တဒင်္ဂဂစ်တာကြိုးပြတ်တောက်မှုမှာရင့်ရော်သွားတဲ့အခါ
မျှော်လင့်ချက်လေး
အဝေးမြို့ရဲ့ဥသြဆွဲသံသဲ့သဲ့ကြားမိပါရဲ့
စီးဝေနေဆဲခရမ်းပြာရိပ်တို့
အိပ်စက်တော့မည့် နေ၀န်းအောက်မှာခိုငြိ
တောမီးရှို့ချိန်။
Subscribe to:
Posts (Atom)