Tuesday, August 26, 2008

မကြာခဏ
သံသယတွေနဲ့ခလုတ်တိုက်ဖန်များတော့လည်း
ဆက်ဆန်ရေးတွေမှာ မျက်ရည်လူးခဲ့ရတယ်ပေါ့
ရင်နှင့်ရင်းပြီးဖွဲ့ခဲ့ရတဲ့လင်းအိမ်ဖွဲ့ဂီတမှာ
ဘယ်ဝဋ်ကြွေးနဲ့ တို့ဝေးခဲ့ကြတာလဲ
အနာဂတ်တွေတဖန်လင်းခွင့်ရှိဦးမလား
မချင့်မရဲ မျှော်လင့်နေရတဲ့သောက
ဘယ်လိုတေးနဲ့ချော့မြှူရပါ့မလဲ
လွမ်းဘို့ချစ်ခဲ့တာမဟုတ်ပေမယ့်
ချစ်မိတော့လဲလွမ်းနေရဦးမည်ပေါ့
တချိန်က
ကျောင်မှာအတူစကားပြောဖြစ်တချိန်ကပေါ့
မင်းမျက်နှာလေးကိုငေးရင်း
တစ်နေ့ဝေးရမယ်ဆိုတဲ့အသိလေးနဲ့တင်
ဒီရင်ဟာဖျက်ဖျက်လူးနာကျင်ခဲ့ရပါတယ်
မင်းမရှိတဲ့နေ့ဆို
ဆော့ဝဲ(လ်)မရှိတဲ့ကွန်ပျူတာလိုပါပဲ
ကောင်မလေးရေ
မင်းနဲ့ပတ်သက်ခဲ့သမျှ
ဗိုင်းရပ်အကိုက်ခံခဲ့ရတဲ့လှုပ်ရှားမှုတွေကလွဲလို့
အိပ်ဆေးမတိုးတော့တဲ့ညတွေကလွဲလို့
အသံမဲ့စီးဆင်းနေတဲ့လွမ်းချင်းတွေကလို့
အထိတ်တလန့်ရင်ခုန်စေဆဲမင်းမျက်ဝန်းတွေကလွဲလို့
မင်းရဲ့အကြည့်စိမ်းစိမ်းတွေကလွဲလို့
ငါဘာတွေများ
ပိုင်ဆိုင်ခွင့်ရခဲ့ပါလိမ့်

No comments: