Friday, August 1, 2008

ဂစ်တာသံဆိတ်သုဉ်းတဲ့ည



အတိတ်ကနွေးထွေးမှုတွေလဲ
ငါ့အနားမှာစီးဆင်းခွင့်မရှိတော့ပြီပ
ဆောင်းနံနက်ခင်းလ
အေးခဲလာတဲ့ဆက်ဆံရေး
အနာဂတ်ရဲ့နိမိတ်ပုံများလား
မနက်ဖြန်ပြောဖြစ်မယ့်စကားဝိုင်းလေးထဲ
နားလည်မှုတွေနဲ့ ငြိမ်းချမ်းရေးဆိုချင်ရဲ့
ခုတော
့အသိစိတ်နဲ့ထိန်းချုပ်ထားရတဲ့ခံစားမှုများ
ရင့်ကျက်မှုအစစ်လို့ကိုယ့်ကိုကိုယ်ပြန်ညာလို့ရင်လဲအကောင်းသား
ပန်းချီဆရာ
ဆေးစက်ကျရာအနုပညာဖြစ်သေးရင်
ဘာကြောင့်များမသေချာခဲ့ကြတာလဲ
သစ်ပင်စိုက်ရင်တောင်မှသစ်သီးစားရဘို့မသေချာတဲ့ရာသီ
တိမ်တွေအလိပ်လိုက်ဖြတ်သွားတာမြင်တိုင်း
မချင့်မရဲလွမ်းမိပါရဲ့ချစ်သူ
မင်းအမြင်မှာ
ငါကလမိုက်ည
အင်္ဂါမစုံတဲ့မိုးကောင်ကင်
မျှော်လင့်ချက်နဲ့တည်ဆောက်ခဲ့သမျှ
လောင်ကြွမ်းခံဘို့စောင့်နေရတဲ့အဖြေ
ရင်နင့်သီးချာ
ညက ညမဆန်တော့ဘူး။

No comments: