Tuesday, August 5, 2008

ခရမ်းပြာနေ့

ခရမ်းပြာနေ့

ဒီနေ့လည်းနေမသာဘူး အလွမ်းတွေ နဲ့အုံ့ဆိုင်းနေတဲ့ကောင်းကင်က
ငါ အစားမှားခဲ့တာပါတဲ့စောင့်နေကျကားမှတ်တိုင်လေးမှာ ဘယ်တော့စိမ်းလာမည်ဒမသိတဲ့မီးပွိုင့်လေးကိုငေးရင်း ငါ့ကိုယ်ငါပျောက်ဆုံးနေခဲ့၊
အစရှိလျှင် အဆုံးရှိတယ်တဲ့ ကောက်ကြောင်းမလေးရေ--- ငါတို့နှစ်ပြီးဆုံးသွားပြီလို့သတ်မှတ်မယ်ဆိုလျှင် အစကိုဘယ်လိုပြန်ပုံဖေါ်ကြမလဲ၊ ကောင်းကင်ကိုမော့ကြည့်တော့သူလည်းသူ့မောဟနဲ့သူ-ငါ့ကိုယ်ငါပြန်ကြည့်မိတော့လည်း ငါ့သောကနဲ့ငါ------စမးချောင်းလေးဖြတ်စီးဆင်းသွားတယ်--- ကောင်းကင်ရေ
မင်းငိုနေသလား ငါတော့ဘယ်တော့မှမငိုဘူး--ကောင်းကင်ကမေးတယ်-- မင်းမတိဗက်ဆောင်းရာသီလားတဲ့ ကောင်မလေးရေငါဘယ်လိုဖြေလိုက်ရမှာလဲ။ ည--အိပ်ဆေးမတိုးတာဘယ်လောက်ကြာပြီလဲ၊ တစ်ဘ၀မှာတစ်ခါဘဲမက်ခွင့်ရှိတဲ့အိပ်မက် ကောင်မလေးရေ--ဘာကြောင့်များနင် ငါ့ကော်ဖီခွက်ထဲ အလွမ်းနဲ့ရော ခက်ခဲ့တာလဲ၊
ခုတော့ ---လူမသိသူမသိ တိတ်တိတ်လေးဖျားနာနေတဲ့အိပ်ယာလေးနဲ့ အလွမ်းတွေ
မင်းအလိုကျ သံသရာရှည်အောင်ဆန့်လိုက်ပါတယ်၊


No comments: