ပုံပြင်ပြောဝါသနာမပါတော့ ပုံပြောတစ်ခါမှအလေ့အကျင့်မရှိဘူး၊ တစ်ခါတစ်လေ ကလေးတွေပုံပြင်ပြောခိုင်းတဲ့
အခါ ကျွန်တော်မှာ အခက်အခဲတွေရပါတယ် အဲဒီတော့နောကျေနေတဲ့ တစ်ခါလာလဲ ရွှေယုံနဲ့ရွှေကျားတစ်ခါလာလဲ ရွှေယုံနဲ့ရွှေကျား နဲ့ နောက်တော့ကလေးတွေတောင်ကျွန်တော့်ရဲ့ ပုံပြောစွမ်းရည်ကို မဲ့မဲ့သွားတော့တာပါပဲ၊ဒါပေမယ့် မနေ့ညက ကျွန်တော်သူငယ်ချင်းတစ်ယောက်က ပြောပြတဲ့ပုံပြင်လေးကိုတော့ အားလုံးကိုမျှဝေချင်တာနဲ့ကြိုးစားပြီးပြောပြပါ့မယ်၊ အဆင်မပြေရင်လဲ နားလည်မှုနဲ့ဖတ်ရှုပေးစေလိုပါတယ်... အင်း နိဒါန်းပြင်နေတာနဲ့ လိုရင်း မရောက်ပဲဖြစ်နေမှာ စိုးလို့ ကြွားချင်တဲ့ကျွန်တော့်အရည်အချင်းတွေကိုခဏအောင့်ထားပြီး စပြောပါပြီခင်ဗျာ။
ဟိုတစ်ခါက နတ်ပြည်မှာ သူငယ်ချင်းနတ်သားနှစ်ယောက်ရှိတယ်ဆိုပဲ တစ်နေ့သူတို့နှစ်ယောက်တွေတဲ့အခါ
တစ်ယောက်ကိုတစ်ယောက်စကားမပြောနိုင်လောက်အောင်ကို ၀မ်းနည်းပူဆွေးနေကြတယ်၊ ဒါနဲ့ နတ်သားတစ်
ယောက်ကစပြီး သူငယ်ချင်းရာ ငါကမကြာခင် နတ်သက်ကြွေရတော့မှ (နတ်သက်ကြွေတယ်ဆိုတာလူလိုဆိုသေ
တာကိုပြောတာပါ) နတ်သက်ကြွေတာက သဘာဝမို့ အဲဒီအတွက်ငါထူးပြီးဝမ်းနည်းနေတာမဟုတ်ပါဘူး ငါသေခြင်းတရားကို မကြောက်ပါဘူး ရင်ဆိုင်ရဲပါတယ် ဒါပေမယ့် နောက်ဘ၀ ငါရောက်ရမှာက တိရစ္ဆာန်ဘုံ နောက်ပြီး ဒီဘ၀ ကုသိုလ်အသစ်မရှိတော့လို့ နောက်ဘ၀မှာ ယုတ်ညံ့လွန်းတဲ့ တိရစ္ဆာန်ဖြစ်ရမယ့်အပြင် သားစိမ်းစားရမယ့် ကျေးငှက်ဖြစ်ရဦးမယ် အကုသိုလ်ပေါ်အကုသိုလ်ဆင့်ပြီး အသက်မွေးရမှာဆိုတော့ ဒီလို မြင့်
မြတ်တဲ့ နတ်သားဘ၀ကို ဘယ်လိုလုပ်ပြန်ရောက်နိုင်တော့မလဲ ငါ့အဖြစ်ကို မင်းသာစဉ်းစားကြည့်တော့ကွာ လို့
အချိန်ရှိတုန်း ကောင်းမှုမပြုခဲ့လို့နောင်တရနေတဲ့အသံလေးနဲ့ ပြောပြရှာတယ်။ဒါနဲ့ နောက်နတ်သားတစ်ယောက်
ကလဲ သူငယ်ချင်းရာ မင်းအဖြစ်က ငါ့အဖြစ်နဲ့စာရင် တော်ပါသေးတယ် ငါ့အဖြစ်ကမှ မင်းထက်ပိုဆိုတာကွ အခု
ငါလဲမကြာခင်နတ်သက်ကြွေရတော့မယ် မင်းလိုပဲ နောက်ဘ၀မှာ တိရစ္ဆာန် ဖြစ်ရမှာ မင်းကမှတော်သေး ငါက
သူများမစင်ပုံကိုမှီပြီးအသက်မွေးဝမ်းကြောင်းပြီးအသက်ရှင်ရမယ့် လောက်ကောင်လေးဖြစ်ရမှာ ငါ့အကြောင်းငါ
ပြန်တွေးမိတိုင်း ငါအရမ်းနောင်တရမိတယ်၊ ဘ၀ကို လွယ်လွယ်ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းခဲ့တဲ့အကျိုးဆက်က တိရစ္ဆာန်၊ ဒါနဲ့သူငယ်ချင်းနှစ်ယောက် ခဏငြိမ်းသွားကြတယ် ပြီးမှ လောက်ကောင်ဖြစ်မယ့် နတ်သားက သူငယ်
ချင်းရာ မင်းက ကျေးဖြစ်မှာဆိုတော့ငါ့ထက် ဘ၀ မြင့်ပါတယ် ငါကလောက်ဘ၀နဲ့ဆိုတော့ ဘယ်လိုမှလက်မခံနိုင်
ဘူးကွာ ဒါကြောင့် ငါတို့နောက်ဘ၀ကူးသွားပြီးရင် ငါ့ကို ကူညီဘို့ ဂတိတစ်ခုလောက်တော့ပေးပါကွာ လို့ပြောရှာ
တယ် ဒါနဲ့ ကျေးဖြစ်မယ့်နတ်သားကလဲ ကဲပါကွာ ငါဘာကူရမလဲသာပြောပါ ကူညီနိုင်တာဆိုဘာမဆိုကူညီပါ့မယ်
ငါလဲကုသိုလ်ရတာပေါ့ လို့ပြန်ပြီးပြောရှာတယ် သူငယ်ချင်းတွေကိုး မင်းကူညီရမှာက ကုသိုလ်ရမယ့်ကူညီခြင်းမျိုး
တော့မဟုတ်ဘူးမောင် အကုသိုလ်ဖြစ်မယ့် ကူညီခြင်းမျိုး ဒါနဲ့ ကျေးကန်းဖြစ်မယ့်နတ်သားက ဟ.. ငါက ကူညီရင်
ကုသိုလ်ရတာပဲကြားဘူးပါတယ် အခု ကူညီရင်အကုသိုလ်ရဦးမယ်ဆိုတော့အဆန်းပါလား ဘယ်လိုကူညီခြင်းမျိုး




လဲဆိုတာလဲရှင်းရှင်းပြောလေကွာလို့မေးတော့ တစ်ခြားတော့မဟုတ်ဘူး သူငယ်ချင်း နောက်ဘ၀ ငါလောက်ဖြစ်
တဲ့အခါ မင်းရဲ့ နှုတ်သီးထက်ထက်နဲ့ ငါ့ကိုလာပေါက်သတ်ပေးပါ၊ ဒါမှ အီလို ယုတ်ညံ့အောက်ကျတဲ့ဘ၀က
လွတ်မှာလို့ပြောတော့ ကျေးကန်းဖြစ်မယ့်နတ်သားက အေးပါသူငယ်ချင်းရာ မင်းမို့ငါအကူအညီပေးပါ့မယ် သည့်
ပြင်လူဆိုငါကူညီမှာမဟုတ်ဘူး ကုသိုလ်ကုန်လို့ တိရစ္ဆာန်ဖြစ်ရတဲ့အထဲ အကုသိုလ်နဲ့အသက်မွေးရမယ့်အပြင်
အကုသိုလ်ဆက်ဖြစ်ရဦးမှာဆိုတော့ မထူးဇာတ်ခင်းပြီးတော့ပဲ ငါကူညီပါ့မယ် လို့ဂတိပြုလိုက်သတဲ့။
ဒီလိုနဲ့ နတ်သားနှစ်ယောက်ဟာ နတ်ပြည်ကနေ နတ်သက်ကြွေပြီး တိရစ္ဆာန် လေးတွေဖြစ်လာကြတယ်၊တစ်နေ့
တော့ ကျေးကန်း ဖြစ်လာတဲ့နတ်သားလေးဟာ သူ့သူငယ်ချင်းကိုပေးခဲ့တဲ့ ဂတိလေးကိုသတိရပြီး အင်းငါ့သူငယ်
ချင်းတစ်ယောက်ဘယ်များရောက်နေပါလိမ့် ငါ့ဘ၀က ထင်သလောက်လဲမဆိုးသေးပါဘူး အစာရှာစားလိုက်
အိပ်တန်းတက်လိုက် လေထဲမှာ ၀ဲပျံလိုက် ဆိုတော့ပျော်စရာတွေတော့အရှိသား ငါ့သူငယ်ချင်းမှာသာ သူများ
မစင်ပုံမှာ အိုဆက်တွေးနေလဲ မထူးပါဘူး ငါပေထားတဲ့ဂတိအတိုင်း သွားပြီး ဒီလိုယုတ်ညံ့တဲ့လောက်ကောင်ဘဝ
ကနေကယ်ထုတ်ဦးမှဆိုပြီး သူငယ်ချင်းလောက်ကောင်လေးဆီ ကိုသွားသတဲ့၊ ဒါနဲ့ ရှာရင်း ရှာ ရင်းနဲ့ နောက်ဆုံး
တော့သူ့သူငယ်ချင်း လောက်ဖြစ်နေတဲ့ နတ်သားကိုတွေပါလေရော တွေ့တွေ့ချင်းပဲ အသံပေးပြီး သူငယ်ချင်းရေ
ဒီမှာငါရောက်နေပြီ မင်းကိုဒီလိုယုတ်နိမ့်တဲ့လောက်ဘ၀ကနေ ငါ ကယ်ထုတ်တဲ့အနေနဲ့မင်းကိုငါနှုတ်သီးနဲ့ပေါက်
သတ်ပေးတော့မယ် မင်းဘုရားတရားသာ အာရုံပြုပေတော့လို့ လဲပြောလိုက်ရော လောက်ဖြစ်နေတဲ့နတ်သားက
သူငယ်ချင်းရာ အရင်တုန်းက လောက်ဘ၀ဆိုတာ အရမ်းစိတ်ပျက်စရာကောင်းမှာပဲလို့ငါထင်မိလို့ပြောခဲ့တာပါ
တကယ်တော့လဲ ငါထင်ခဲ့သလိုမဆိုးပါဘူး၊ ခုကြည့်လေ မင်းမြင်တဲ့အတိုင်းပဲ ငါ့မှာ သားတွေသမီးတွေနဲ့ သိုက်
သိုက်ဝန်းဝန်း ဘယ်လောက်ပျော်စရာကောင်းလဲငါလဲဒီဘ၀ကိုခင်တွယ်နေတတ်ပါပြီ ငါ့အတွက်နဲ့ မင်းအကုသိုလ် တွေအဖြစ်မခံပါနဲ့တော့လို့ တောင်ပန်ပြီး သူငယ်ချင်းကျေးကန်းလေးကိုပြန်လွှတ်လိုက်သတဲ့၊
ဒါနဲ့ ကျေးကန်းလေးဟာ ဒါဆိုလဲကောင်းပါပြီကွာ ဘ၀ဆိုတာကို ငါသဘောပေါက်သွားပြီးလို့ပြောပြီး နှုတ်ဆက်
ပြန်သွားလေသတဲ့။ ပုံပြင်လေးကတော့ဒါပါပဲ မိတ်ဆွေများလဲ ဒီပုံလေးကိုဖတ်ပြီး ဘ၀နဲ့မကင်းတဲ့သတ္တ၀ါတွေ
အကြောင်းကို .......................စဉ်းစားရင်း
No comments:
Post a Comment