Thursday, September 18, 2008

အစွဲအလန်း


ဘ၀ကတိမ်ပြိုညမှာစခဲ့သူမို့
နုံးမြစ်ကိုရုန်းဖြတ်နေရ
တွေးထဲတောင်မှ
လရောင်ကိုမျှော်မကြည့်ရဲ
ရင်ထဲကဖွဲမီးကိုလည်းသူမ မမြင်
ရှိစေတော့ကွယ်
အရိုးခံစကားလုံးတွေနဲ့
နန်းစံရွှေမင်းသမီးကိုလှည့်စားသူလို့
သမိုင်းမှာခြေရာမထင်ရစ်စေချင်တော့
ချစ်သူရေ--
အရာရာမေ့မစွမ်းသောအကျင့်က
ငါ့နှလုံးသားမှာ မှစွဲကပ်နေတော့လည်း
သက္ကရာဇ်တွေနဲ့
သက်ပြင်းမောတွေချွေချခဲ့တာတောင်
စိတ်က
နှစ်ချို့ပုံရိပ်တွေနဲ့လေးလံနေဆဲ။

No comments: