
ငါကပဲမှောင်နေတာလား လမ်းကပဲအထိန်းအကွပ်မဲ့နေတာလား ရှေ့တစ်လှမ်းလျှောက်ဘို့ နောက်ကိုအကြိမ်ကြိမ်ပြန်ကျော့နေတာမောတယ်၊
ဆုံးဖြတ်ချက်တွေအလေအလွင့်များလွန်းတော့ နုပျိုမှုက အကျည်းတန်ပြီးရင်းတန်ရင်း ဒီအရွယ်ကျမှ ကိုယ့်စိတ်ကိုပြန်ဆုံးမနေရတာလဲအခက်သား၊
မေမေရေ---- စိတ်လိုလာဘ်မရ ကိုယ့်ကိုကိုယ်ပြန်အနီကဒ်ပြရမယ့်ဒီကစားကွင်ထဲ ဂိုးမိုးခေါင်နေတဲ့ကန်ချက်တွေနဲ့ ဟောဒီနံပါတ်ကိုးဂဏန်းဟာသဟဇာတမဖြစ်တော့၊
သင်္ခါရ အဲဒီတရားနဲ့မထိုက်တန်သေးတဲ့အလိမ္မာလေးပါ လျှပ်စီးပျက်သလို လောကဓမ်နဲ့ဆက်ဆံရေးက ရိုးပြီးရင်းရင့်ရင့်လာတယ် မြေနီလမ်းကလေးတစ်လျှောက် အ၀ါရောင်အဝေးမြို့ရယ်သံလွင်လွင်လေးပြန်မလာတော့တဲ့ ငါ့အိမ်ရှေ့ပြတင်းတံခါးရွက်လေး အနားမှာ ရထားတစ်စင်းဖြတ်ဖြတ်သွားတိုင်းမျက်တောင်ခက်ရင်ငေးရတာလဲ လွမ်းဘို့ကောင့်ရဲ့၊
ဘ၀ဆိုတာ အိပ်မက်တွေအလေ့ကျပေါက်ရာခင်တန်းလေးမဟုတ်ဘူး တနှစ်ကတိုက်ဆိုင်မှုလေးတွေပြန်စိမ်းလာဦးမည်လား လွဲချော်တတ်လွန်းတော့လဲ မသေချာမှုကိုကငါ့အတွက်သေချာတဲ့အဖြေ အနုပညာဆန်ဆန်ရှင်သန်ရမှာလား အရင့်ပညာဆန်ဆန်ရှင်သန်ရမှာလား သေချာပြီ ဘ၀ဟာ မိုးခေါင်ဒေသကပန်းချီကားတစ်ချပ်။
မြတ်ငြိမ်း။
No comments:
Post a Comment