Tuesday, September 9, 2008

လူရယ်လို့ဖြစ်လာပြီဆိုရင် ဖြတ်သန်းခဲ့ရတဲ့ဘ၀တစ်လျှောက်မှာအောက်မေ့
တမ်းတစရာဆိုတာရှိစမြဲပါ ကျွန်တော်လွမ်းတတ်သလိုအားလုံးလဲ
မလွမ်းဘယ်သူးရှိနိုင်ပါ့မလဲ ခံစားချက်ကိုရှေ့တန်းတင်စဉ်းစားခွင့်
မရနိုင်ရင်တောင် ရင်ထဲမှာတော့ကိုယ်စီကိုယ်စီအလွမ်းလေးတွေရှိ
နေကြစမြဲပါ ဒါကြောင့်ဒီတစ်ခါတော့ကျွန်တော့်သူငယ်ချင်းတွေရန်ကုန်မှာ
ပညာသင်ခဲ့ဘူးတဲ့ကျောင်းသားဟောင်းတွေအတွက်အတိတ်ကို
ပြန်လွမ်းဆွတ်တမ်းတတတ်သောနှလုံးသားအတွက်အဆိပ်ဖြေ
အာဟာရအဖြစ်ကျွန်တော်ခံစားခဲ့ရသလိုအားလုံးသောမြန်မာလူငယ်လူ
ရွယ်လူကြီးများအတွက်ဆရာမောင်စိန်ဝင်း(ပုတီးကုန်းရဲ့)ဒီကဗျာလေးကိုမျှဝေလိုက်ပါတယ်

အိပ်မက်တောအုပ်
အဲဒီတောမှာ....
ဝေသောနှင်းပင်၊နှင်းမထင်ခဲ့
ရင်နာစူးရှ၊မျက်ရည်စတွေ
ကျကြွေသလား......
ခါးသည်းအိပ်မက်၊အအိပ်ပျက်စေ
နှိုပ်စက်လေသလား.....
အခါတစ်ပါးက၊ရင်ခုန်ညလေး
နှင်းကလေးတွေမှဟုတ်ပါရဲ့လား
ပြန်လို့ကြားယောင်..
နားထောင်တုန်းလို
ပိတောက်ရွက်တွေ
ရွှေအိုရောင်ပြောင်း
ဆောင်းကုန်တော့မည်
တွယ်တာသူချင်း၊ရင်းနှီးသူတို့
ခွဲကြဘို့လေ၊လက်တို့နေပြီ
ဟိုး.....အပင်အောက်၊နှစ်ယောက်တစ်တွဲ
ဟိုဆိုင်ထဲမှာ၊
ထိုင်တာတစ်ချို့
ဟိုကခုံပြာ၊ရေတမာရင်း
မျက်နှာချင်းဆုံ၊ရင်ခုန်ခဲ့ကြ
ငယ်ကာလတွေ
နေခဲ့ပြီပဲ၊ရင်ထဲလွမ်းချင်
အကျွမ်းဝင်နစ်မျော..
ချစ်သော..
ချစ်သော..အဲဒီနေရာပါ
အဲဒီတောမှာ
ကဗျာတွေချည့်၊ခံစားကြည့်ကြ
ဂီတတွေချည့်၊နားဆင်ကြည့်ကြ
ဇာတိမာန်တေး၊နှလုံးသွေးစက်
မျက်ရည်အလိမ်းလိမ်း
ရက်ရှည်တိမ်းသူ
စိမ်းသူ..ရဲသူ.. ခွဲသူ..စွန့်သူ..
သူ
သူ
သူ
သူတို့ရာဇ၀င်
အရာထင်အရောင်ဟပ်
ပန်းမလေးတွေတောင်ကဗျာစပ်သတဲ့
ငုက်မလေးတွေတောင်တေးသီစပ်သတဲ့
ဖွဲ့နွဲ့တမ်းချင်း၊လွမ်းရင်းသီမော
အဲဒီတောပေါ့
သည်တောကပင်
ဝိညာဉ်ရှိလေသလား
သည်နေရာမှာကြားရတဲ့ဥသြသံ
ပိုလို့လွမ်းဘို့ဖန်သလား
ပန်းများပွင့်သမျှ
ပိုလို့လှတယ်
ပိုလို့မြတ်နိုးစရာ
ထာဝရအမြဲတမ်း
စွဲလန်းခဲ့သော
အဲ..ဒီတောလေ။


1 comment:

Ko myat said...

ကျွန်တော်တို့ ဘ၀ကိုဘယ်လိုမျှော်လင့်ထားပါသလဲ
တစ်ချို့အရာတွေဟာကျွန်တော်တို့ဖြစ်ချင်သည်ဖြစ်စေ
မဖြစ်ချင်သည်ဖြစ်စေ ဖြစ်လာကြမှာပါပဲ ဘာဖြစ်လို့လဲ
ဆိုတော့------ကျွန်တော်တို့အားလုံးဟာ လောကကြီး
ထဲမှာနေ နေရတဲ့အတွက်လောကဓမ်တရာကိုရှောင်
လွှဲလို့မရနိုင်လို့ပါပဲ
သင်သာပုထုဇဉ်တစ်ယောက်ဆိုရင်
သင်တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတရာ
ကိုလွမ်းတဲ့အခါ ဒီကဗျာလေးနဲ့သင့်ကိုသင်ဖြေသိမ့်နိုင်
လိမ့်မည်လို့မျှော်လင့်လျှက်----

မြတ်ငြိမ်း