ည တိတ်ဆိတ်မှုထဲမှာစီးမျောကြည့်မိတယ်၊ ဘ၀ဆိုတာ ဆောင်းအိပ်မက်လို အမြဲလိုလို
အစိအစဉ်မကျဖြစ်တတ်တာကိုက ဘ၀ ကပေးတဲ့ရသချိုချိုတစ်ခွက်ပဲလား၊ ဆန္ဒ ကိုရှေ့
တန်းတင်ခွင့်မရှိတဲ့ဟောဒီ လယ်ယာလေးမှာ နောက်ဆုံးတော့ ကျွမ်းလောင်မှုကလွဲရင်
မျှော်လင့်ခဲ့သမျှ မီးလောင်ပြင်တစ်ခုသာ၊ မောတယ် ဘ၀ကမောတာလား စိတ်ကမော
တာလား မိုးခေါင်ရေရှားဒေသမှာအုံ့မိတဲ့တိမ်တွေလို ကိုယ့်ရင်ခုန်သံကိုကိုယ်ပြန်ဝှက်ထား
ရတာလောက်ခက်ခဲပင်ပန်းတဲ့အရာ ရှိနိုင်သေးရဲ့လား၊
ကောင်စုတ်မလေးရေ.................
မင်းနဲ့အတူရေးခဲ့တဲ့ ငါ့သမိုင်းမှာ
မင်းဟာစုန်းပြူးမလေးတစ်ယောက်ထက်ပိုပြီးမင်းပုံပြော ကောင်းခဲ့မှန်း
------ ငါအသိနောက်ကျခဲ့
အတိတ်ရဲ့ခါးသီးမှုတွေလဲ ချိုမြန်နေဆဲလား မင်းစိတ် နဲ့အညှို့ခံလိုက်ရတဲ့ ငါ့နေ့စွဲများ
ည နေ့ ကောင်းကင် အိပ်မက် အစ အလင်းအဆုံး အားလုံးဟာ
ပိုက်ဆံပြတ်တဲ့သူဌေးသားတစ်ယောက်ရဲ့အဖြစ်လိုမျိုး ကျန်ခဲ့၊
အယုံအကြည်လွယ် လွန်းတဲ့အကျင့်နဲ့ မင်းသာထာဝရ လို့ငါမှတ်မှားမိတယ်လို့ တော့မတွေးရက်
ဘူးငါ ကိုက ပျော့ ညံ့ညံ့ ကံတရားကလွဲမင်းမင်းစကားကိုပဲအတည်ယူတတ်ခဲ့တာ၊
ကောင်စုတ်မလေးရေ ...
နှင်းခါးရည်သောက်ပြီး နှင်းတောထဲမှာ ငါ တိတ်ဆိတ်မှုတွေနဲ့ ရှင်သန်းကျန်ရစ်ဘို့
မင်းငါ့ကို ကျောခိုင်းခဲ့ရော့လား၊
မမျှော်တော့ဘူး
ပြီးဆုံးခြင်းနိယာမနဲ့ မင်းလဲမင်း ငါလဲငါ
အသက်တမျှဆိုတဲ့တစ်ချိန်ကစကား တွေပုတ်သိုးမယ်နေ့
အဲဒီနေ့မှာ မင်းနဲ့မက်ခဲ့တဲ့အိပ်မက်သေတွေနဲ့
ငါ့ဘ၀ကိုငါပြန်စမယ် ။
No comments:
Post a Comment