Pages

Saturday, November 1, 2008

မရိုးမဆန်းလမ်းကလေး


မှားလေ့မှားထရှိသောနေ့စွဲများနဲ့
ငါးမပါပဲအအေးမိခဲ့ရသောအနာဂါတ်များ
ကိုယ့်လက်မှတ်အတုတွေနဲ့စာချုပ်အစောင်စောင်
ပုံရိပ်ယောင်တွေကြားမှာကျဆုံးနေခဲ့ဖူးတာ
ငါလား……..။

အလေ့အထရှိသောဟိုင်းဝေးလမ်းများအကြောင်း
ခေါင်းလောင်းပန်းတွေပွင့်တတ်တဲ့ရာသီ
ချည်တိုင်နွေးနွေးများရဲ့ အေးစက်စက်ရာဇ၀င်
ညင်သာသောနူးညံ့မှုများ
အားလုံးဟာသံသယ၀င်စရာ….။

နွေဦးရာသီရဲ့ပထမဆုံးနေ့တစ်နေ့
ကွေ့ကောက်ရှည်လျားနေသောကိုယ်တိုင်ရေးပုံပြင်များနဲ့
ကူး….ခတ်…..တွားသွား…စုန်ဆန်ရင်း
တန်ကြေးမြင့်သင်ခန်းစာများနဲ့
နာဖျားပင့်သက်နေခဲ့ရသော..လူတစ်ယောက်…။

ခုတော့.......
မတ်စောက်အိပ်မက်များ
ဇောက်ထိုးသီချင်းများ
မလတ်ဆတ်တော့သောပွဲတော်များ
အနားသပ်စကားလုံးများ
အား…လုံး…
ခါး…………..စက်……..။

နိဒါန်းမှအဆုံးမသတ်ရသေးခင်
နိဂုံးဟာစတင်ခဲ့ပြီလား…။ ။
မနော်ဟရီ

No comments:

Post a Comment

အကြံပေးစာများပေးပို့လိုပါလျှင်
Myatnyein472@gmail.comကိုဆက်သွယ်ပြီး
အကြံဥာဏ်များပေးပို့နိုင်ပါသည်။
လေးစားလျှက် မြတ်ငြိမ်း