Pages

Tuesday, September 30, 2008

စကားလုံးမဖြစ်ခဲ့သောအက္ခရာ


ခပ်ကြောင်ကြောင်ကောင်မလေးရေ
ဘ၀ဆိုတာ
သဲကန္တာရမှာထုဆစ်နေရတဲ့ရေခဲပန်းပုရုပ်လို
လိုချင်သလိုဖြစ်မလာတတ်ဘူး၊
ခံစားမှုခြင်းနီးနေတဲ့အခါ
နားလည်မှုက
ဘ၀ကိုသာယာကြည်နူးစေရဲ့၊
အားပေးမှုတွေနဲ့အနေရဲတည်တဲ့အခါ
ဘ၀ဟာလုံခြုံမှုတွေနဲ့ငြိမ်းအေးလွန်းရဲ့၊
မေတ္တာတရားတွေနဲ့ဆက်ဆံခံတဲ့အခါ
အနာဂတ်တွေဟာ
ကောင်ကင်အပြည့်အိပ်မက်တွေနဲ့ရဲတည်နေတယ်၊
ရုပ်ဝတ္ထု နာမ်ဝတ္ထု မညီမျှတိုးတက်နေတဲ့ခေတိ်
တို့ဘယ်အာကိုလက်ကိုင်ထားမလဲ
အတ္တနဲ့ရူးနေသူတွေက
စိတ်ကိုရုပ်ဝတ္ထုတွေနဲ့ဖွဲ့တည်တယ်
ငါက
ရုပ်နဲ့နာမ်တရားတို့ရဲ့စည်းချက်ကိုဟန်ချက်ညှိချင်သူ
ငါ့လက်အစုံက
ပိုးသားစလေးလိုနုညံ့နေသလောက်
ငါ့ခြေထောက်ကခရောင်းလမ်းနဲ့အိမ်းထောင်ဖွဲ့ထားတယ်
ငါ့အ၀တ်အစားတွေက
အရောင်မဲ့မွဲပြာပြာ
ခက်ကြောင်ကြောင်ကောင်မလေးရေ
မတည်မြဲခြင်းမှာလင်းနေတဲ့
ငါ့ဖြစ်တည်မှုတိုင်းမှာငါပဲရှိတယ်
ဘာပဲဖြစ်ဖြစ်
မင်းနဲ့ကော်ဖီသောက်တဲ့နေ့ကိုလွမ်းတယ်
လမိုက်ည
မိုးတို့သဲချင်လည်းသဲစေတော့
အတိတ်ဆိုတာ
ပြန်ဖြေလို့မရတဲ့အနှောင်အဖွဲ့
သေချာတယ်
အဲဒါတို့သောက်ခဲ့တဲ့ကော်ဖီခွက်ထဲအပြာရောင်ရုပ်ကြွင်း။


Monday, September 29, 2008

ချစ်ရသောညီမလေးသို့


နှလုံးသားမှစီးဆင်းနေတဲ့မင်းမျက်နှာ
သတိရခြင်းမှာစိုက်ဝင်နေတဲ့မင်းအတ္ထုပ္ပတ္တိ
မနက်ဖြန်များစွာအထိရစ်မူးစေတဲ့မင်းကိုယ်သင်းရနံ့
အနားမှာအမြဲစီးဆင်းနေတဲ့မင်းစကားသံ
ခံစားမှုတိုင်းရဲ့အနုပညာဖြစ်ရဲ့၊

ရာသီများစွာ ရေးဖွဲ့တီးခက်ရမည့်ရစ်သမ်တွေနဲ့
နားလည်မှုတွေဆွဲငင်တမ်းညှိ
နမိတ်ပုံတစ်ခုတည်းအတူကြည့်ခြင်တဲ့ဆန္ဒ
ကိုယ့်ဘယ်ဘက်ရင်ဘက်ပေါ်မှာဖူးပွင့်နေတယ်၊
ညီမလေး
မင်းနဲ့ဝေးနေရတဲ့နေ့တစ်နေ့ရဲ့သံသရာက
အလွမ်းနဲ့နေထွက်ပြီးအလွမ်းနဲ့နေ၀င်ရမယ့်ကမ္ကာတစ်ခု
ဆုံဆည်းဖြင်းရဲ့အက္ခရာ
မင်းဆံနွယ်စလေးလိုလွယ်လွယ်အရောင်မပြောင်းလိုက်ပါနဲ့

တကယ်ဆို
နေ့စဉ်ဆေးစက်ချအနုပညာမှာ
မင်းမပါတဲ့မိုးခေါင်ရေရှားသစ်ပင်ကငါ
မင်းအကြောင်းမပါတဲ့ငါ့စိတ်ကူးယဉ်မှုက သံစဉ်မရှိတဲ့တေးတစ်ပုဒ်
မင်းမပါတဲ့အခါ အင်းလျာကန်ပေါ်ကခုန်တန်းလေးတွေအလွမ်းနဲ့လောင်တယ်
မင်းမပါတဲ့အနာဂတ်ဆိုတာ သေချာပြီ အခွံသက်သက်ဆောင်းရာသီ။

Thursday, September 25, 2008

ဘူတာအမှတ်နှစ်ဆယ့်ခြောက်အလွန်


လမ်းကကြမ်းတယ်
အလင်းရောင်မလုံလောက်သောနေ့ထဲ
စိတ်နုနုဝတ်ရုံလေးနဲ့ဘ၀ကမလှပဘူး၊
ဘာလိုလို
ခရီးရဲ့သုံးချိုးတစ်ချိုးအကျော်လေးတောင်ရောက်ခဲ့ပေါ့
ကျေးဇူးပါမေမေ
ခိုင်ကြည်မှုတွေယိုင်လဲသွားတဲ့အချိန်တိုင်း
အနုညံ့ဆုံးအရှိန်နဲ့
စိတ်ရှည်ရှည်တွဲထူပေးတတ်တဲ့မေမေ့ပရိုဗီမင်စကားလုံးတွေအတွက်၊
တစ်ခါတစ်ရံ
နှင်းဆီဝါပင့်ကူမလေးနဲ့ဝတ်မှုံကူးချင်တဲ့ဆန္ဒက
ရင်ဘတ်တစ်ခြမ်းအပြည့်ရှင်သန်နေပုံက
အခန်းဆက်ဝတ္ထုရှည်တစ်ပုဒ်ပမာ
မေမေရေ
သားသားဘ၀လေးထဲ
မကောင်းမှုဆိုလို့
အတိတ်ကကြေကွဲဖွယ်အဖြစ်တွေအတွက်
ကိုယ့်နှလုံးသားကိုကိုယ်တိုင်ပြန်ဝှက်ကွယ်ထားခဲ့ဘူးတယ်၊
ဒီအချိန်ကျမှ
စိတ်ကိုလေအသင့် ကြုံသလိုကျပန်းလွှင့်ဘို့လဲမကောင်းဘူး
မေမေ
ကျွန်တော်ပြန်ကြည့်မိတဲ့ကျွန်တော့်အကြောင်းပြဇာတ်ထဲမှာ
ကျွန်တော့်ကိုသူမရှာတွေ့ခဲ့အကြောင်း
ကျွန်တော့်အကုသိုလ်နဲ့သူမ တို့တိုးတိုးတိတ်တိတ်ဆွေမျိုးတော်ခဲ့တဲ့အကြောင်း
ကျွန်တော့်ကိုကျွန်တောမကြော်ငြာတတ်ခဲ့တဲ့အကြောင်း
သူငယ်ချင်းတွေနဲ့ရယ်ပွဲဖွဲ့စိတ်လှည့်ပညာတွေအကြောင်း
ကိုယ်တစ်ခြမ်းပျောက်နေတဲ့
အင်းလျားကန်ဘောင်ပေါ်ကခုံတန်းလေးတွေအကြောင်း
မမွေးသေးတဲ့အနာဂတ်အတွက်
နေ့စဉ်ရငွေပေးငွေရှင်းတန်းများနဲ့
ပစ္စုပ္ပန်ဟာဘောင်ဘင်ခက်နေတဲ့အကြောင်း
ကျေးဇူးပြုပြီးဘယ်သူ့ကိုမှဖွင့်မဘဲထားခွင့်ပြုပါ၊
ကျွန်တော့်ကိုယ်ကျွန်တော်ပြန်ပြီးငြင်းပယ်မိတဲ့အခါ
ဘယ်သူမှမကျေမနပ်မဖြစ်လိုက်ကြပါနဲ့
လူပီသခွင့်
ဘူတာအမှတ်နှစ်ဆယ့်ရှစ်အထွက်မှရဲတည်ဘို့
တစ်ခါတစ်ရံဘဲဖြစ်ဖြစ်
အတ္တကိုသံလမ်းအဖြစ်သုံးခွင့်ပြုပါ။

Tuesday, September 23, 2008

ဆေးစပ်မညီတဲ့နွေ


ငါကပဲမှောင်နေတာလား လမ်းကပဲအထိန်းအကွပ်မဲ့နေတာလား ရှေ့တစ်လှမ်းလျှောက်ဘို့ နောက်ကိုအကြိမ်ကြိမ်ပြန်ကျော့နေတာမောတယ်၊
ဆုံးဖြတ်ချက်တွေအလေအလွင့်များလွန်းတော့ နုပျိုမှုက အကျည်းတန်ပြီးရင်းတန်ရင်း ဒီအရွယ်ကျမှ ကိုယ့်စိတ်ကိုပြန်ဆုံးမနေရတာလဲအခက်သား၊
မေမေရေ---- စိတ်လိုလာဘ်မရ ကိုယ့်ကိုကိုယ်ပြန်အနီကဒ်ပြရမယ့်ဒီကစားကွင်ထဲ ဂိုးမိုးခေါင်နေတဲ့ကန်ချက်တွေနဲ့ ဟောဒီနံပါတ်ကိုးဂဏန်းဟာသဟဇာတမဖြစ်တော့၊
သင်္ခါရ အဲဒီတရားနဲ့မထိုက်တန်သေးတဲ့အလိမ္မာလေးပါ လျှပ်စီးပျက်သလို လောကဓမ်နဲ့ဆက်ဆံရေးက ရိုးပြီးရင်းရင့်ရင့်လာတယ် မြေနီလမ်းကလေးတစ်လျှောက် အ၀ါရောင်အဝေးမြို့ရယ်သံလွင်လွင်လေးပြန်မလာတော့တဲ့ ငါ့အိမ်ရှေ့ပြတင်းတံခါးရွက်လေး အနားမှာ ရထားတစ်စင်းဖြတ်ဖြတ်သွားတိုင်းမျက်တောင်ခက်ရင်ငေးရတာလဲ လွမ်းဘို့ကောင့်ရဲ့၊
ဘ၀ဆိုတာ အိပ်မက်တွေအလေ့ကျပေါက်ရာခင်တန်းလေးမဟုတ်ဘူး တနှစ်ကတိုက်ဆိုင်မှုလေးတွေပြန်စိမ်းလာဦးမည်လား လွဲချော်တတ်လွန်းတော့လဲ မသေချာမှုကိုကငါ့အတွက်သေချာတဲ့အဖြေ အနုပညာဆန်ဆန်ရှင်သန်ရမှာလား အရင့်ပညာဆန်ဆန်ရှင်သန်ရမှာလား သေချာပြီ ဘ၀ဟာ မိုးခေါင်ဒေသကပန်းချီကားတစ်ချပ်။
မြတ်ငြိမ်း။

Friday, September 19, 2008

အလင်းမဲ့မီး


ဂုဏ်တွေဓနတွေရဲ့ပေါ်ပြူလာခေတ်မှာ
တို့ဝေးဘို့သက်သက်နီးခဲ့ကြတာလား
နှလုံးသားကိုဖြောင့်ချက်ပေးဘို့
ငါ့မရိုးသားခြင်းတွေနားလည်ပေးလှည့်
ငါက အလွမ်းတွေဖို့သိပ်ခံလိုက်ရတဲ့
ခေတ်ပျက်မြစ်တစ်စင်းပါချစ်သူ
မဖြစ်သင့်တော့ပါဘူးဆိုတဲ့အသိနဲ့ အရာရာစွန့်လွှတ်လိုက်ရတဲ့ဆုံးရှုံးမှုတွေ
အတွက်ရင်နှင့်အမျှခံစားနေရဆဲပါ၊ တဒင်္ဂအကြည့်ခြင်းဆုံမှုရဲ့နောက်ကွယ်မှာ
အချစ်တို့ဖြစ်တည်လာမည်မှန်းသိခဲ့ပြီးအဒီအကြည့်တွေလွှဲဖယ်နိုင်ခဲ့ရင်လဲအကောင်းသား ခုတော့အလွမ်းနဲ့အတို့ခံနေရတဲ့နေ့တွေ ဖျက်ဖျက်လူးနာကျင်ညဉ်းငြူလို့ပေါ့.
ကိုမြတ်ရယ် ဘ၀နဲ့ဆန္ဓဆိုတာရေနဲ့မီးလို အမြဲလိုလိုဆန့်ကျင်နေတတ်တာသဘာဝပါ
န္ဒတစ်ခုတည်းအတွက်နဲ့တော့မြတ်နိုးမစွန့်စားရဲတာအမှန်ပါပဲတဲ့ မြတ်နိုးရေ-- အဲဒီလိုမင်းစကားသံတွေကြားရတဲ့အချိန်ကစကောင်းကင်အပြည့်သိမ်းထုပ်ထားခဲ့ရတဲ့
မျှော်လင့်ချက်တွေတစ်စစီပြိုကွဲခဲ့ရပါတယ် အချစ်ဟာဘ၀မဟုတ်သလို ဘ၀ဟာလည်းအချစ်မဟုတ်ဘူးဆိုတာလက္ခံပါတယ် ဒါပေမယ့် မြတ်နိုးရယ်အချစ်ကိုတန်ဖိုး
ထားတတ်တဲ့သူတစ်ယောက်အတွက် အချစ်မပါပဲဘ၀ကိုဖြတ်သန်းဘို့ဆိုတာတိမ်အပြည့်
နဲ့မိုးခေါင်နေတဲ့လွင်ပြင်ပမာပဲဖြစ်လိမ့်မယ်မြတ်နိုး။
ဂုဏ်ဓနတွေနဲ့ဘ၀ကိုတန်းညှိတတ်တဲ့ပတ်ဝန်းကျင်မှာရော ပျော်ရွှင်မှုအစစ်အမှန်ကိုရနိုင်
ရဲ့လားလို့ပြန်မေးလိုက်ချင်ပေမယ့်လျှပ်စစ်မီးအောက်မှာမှပိုပြီးစိမ်းလန်းချင်တဲ့မင်းကို စိတ်
အနှောက်အယှက်ဖြစ်မှာစိုးစိတ်နဲ့မမေးဖြစ်ခဲ့ပါဘူး၊ကိုယ့်မှာဘွဲ့လက်မှတ်တွေမရှိဘူးငွေကြေး
ဓနတွေမရှိဘူးချမ်းသာတာဆိုလို့မင်းကိုချစ်တဲ့စိတ်ရယ်အနုပညာကိုမြတ်နိုးတဲ့စိတ်ရယ်ပဲရှိတယ်
လေ၊မင်းအထင်နဲ့အမြင်မှာတော့ကိုယ်က လေလွင့်ခရီးသည်တစ်ယောက်ထက်ပိုပြီးအထင်ကြီး
လေးစားစရာကောင်းမယ်မထင်ပါဘူး၊ကိုယ့်နှလုံးသားထဲမှာမင်းပုံရိပ်တွေရှိနေတယ် ပြီးတော့လေ
ညှင်တွေရယ်စမ်းချောင်းလေးရယ်ပေါ့၊ဒါပေမယ့်မြတ်နိုးရယ် ထိတွေ့ခွင့်လည်းမရ နမ်းရှိုက်ခွင့်လည်း
မရှိ လေတိုးသံစမ်းရေစီးသံတွေလည်းမရှိတော့တဲ့ အသက်မဲ့ပန်းချီကားတစ်ချပ်လိုပါ၊မင်းနဲ့ပတ်သက်
ခဲ့သမျှ ကြွေကွဲဖွယ်မြင်းကွင်းတွေမှာ ပျော်ရွှင်စရာဆိုလို့ကိုယ်ဘာမှမရခဲ့ပါဘူး၊နေ့စဉ်ဆေးစက်ချအနု
ပညာမှာချစ်တဲ့စိတ်နဲ့အလွမ်းကိုပုံရိပ်ကူးရင်းအိပ်မက်တွေရေမျောကမ်းတင်ဖြစ်ခဲ့ရတယ်၊ခံစားမှုကိုဦး
စားမပေးတတ်တဲ့မင်းဆီးမှာ နားလည်မှုတွေကို ကိုယ်တောင်းဆိုမရယူချင်တော့ပါဘူး၊ မြတ်နိုးရေ--
တစ်ချိန်က မင်းနဲ့အတူကော်ဖီသောက်တဲ့အချိန်လေးတုန်းကပေါ့ အဝေးမှာတောင်နီးနေချင်တဲ့စိတ်ကူး
တွေမင်းကိုပြောပြတဲ့အခါ"ကိုငြိမ်းက အရမ်းစိတ်ကူးယဉ်တာပဲနော် စိတ်ကူးမှာလင်းလက်ရုံနဲ့အာရုံဦးမှာ
ရောင်နီလာမည်လို့ဘယ်သူအာမခံနိုင်မှာလဲ ဘ၀ကိုစိတ်ကူးသက်သက်နဲ့တည်ဆောက်မည်ဆိုရင်
စိတ်ကူးယဉ်ဘ၀ကလွဲလို့ဒီထက်ဘာတွေများပိုပြီးပိုင်ဆိုင်ခွင့်ရနိုင်မှာမို့လဲ အဒီလို မပွင့်တပွင့်အပြုံးလေး
နဲ့ပြောခဲ့တဲ့ မင်းစကားတွေကြားရတဲ့အချိန်ကစ ပြီး ကိုတို့နှစ်ယောက်လဲ နီးလျှက်နဲ့ဝေးခဲ့ကြတယ်
ချစ်သူရေ ကမ္ဘာဦးလူသားတွေမီးကိုတွေ့ရှိတဲ့အချိန်တုန်းက အလင်းနဲ့ပူလောင်ခြင်ဆိုတာဒွန်တွဲတွေ့ရှိ
ခဲ့တယ် ကိုယ့်ကျမှ မင်းနဲ့ရှာဖွေတွေ့ရှိခဲ့တဲ့မီးမှာ လောင်ကြွမ်းစေတာကလွဲရင် ဘာအလင်းမှကပ်ပါမလာ
ဘူး၊

Thursday, September 18, 2008

အစွဲအလန်း


ဘ၀ကတိမ်ပြိုညမှာစခဲ့သူမို့
နုံးမြစ်ကိုရုန်းဖြတ်နေရ
တွေးထဲတောင်မှ
လရောင်ကိုမျှော်မကြည့်ရဲ
ရင်ထဲကဖွဲမီးကိုလည်းသူမ မမြင်
ရှိစေတော့ကွယ်
အရိုးခံစကားလုံးတွေနဲ့
နန်းစံရွှေမင်းသမီးကိုလှည့်စားသူလို့
သမိုင်းမှာခြေရာမထင်ရစ်စေချင်တော့
ချစ်သူရေ--
အရာရာမေ့မစွမ်းသောအကျင့်က
ငါ့နှလုံးသားမှာ မှစွဲကပ်နေတော့လည်း
သက္ကရာဇ်တွေနဲ့
သက်ပြင်းမောတွေချွေချခဲ့တာတောင်
စိတ်က
နှစ်ချို့ပုံရိပ်တွေနဲ့လေးလံနေဆဲ။

ဝေးနေချိန်



ခေါ်သံသဲ့သဲ့ကြားမိသလိုလို
နှလုံးသားကိုဆွဲငင်သွားသူဘယ်မှာလဲ
မှုံဝိုးဝါးမြူနှင်းတွေထဲ
အရိပ်တွေဆွဲအဆန့်ခံရတဲ့သစ်ပင်က
အလွမ်းတွေသံသရာရှည်နေဦးမှာလားတဲ့

တစ်ချိန်က
ရယ်မောဘွယ်အချိန်းအချက်တွေ
ခုတော့
ရင်မောဘွယ်လွင့်မျောနေခဲ့
ှဗာဒံပင်လေးလိုပြန်လည်ငြိမ်းချမ်းခွင့်ရနိုင်ဦးမှာလား
သေချာမှုတွေူကမ်းပြန်သွားတဲ့နောက်တော့

ဖြစ်တည်နေရမှုက
အဝေးမြို့ ဥသြသံလို-----
ချစ်သူရယ်
ရင်ရဲ့လှိုက်ဖိုသံ
ချစ်သူ့အနားမှာနေခွင့်ရကာလရဲ့ပြီးပြည့်စုံမှုများ
အင်းလျားကန်လိုဘယ်တော့တည်ငြိမ်ခွင့်ရမှာလဲ
မပြည့်စုံခြင်းမှာအမြစ်ဆင်းမိခဲ့သောချစ်ခြင်းများနဲ့
အခွင့်ရှိသေးရင်
ဆုံဆည်းရာ ကဖေးဆိုင်လေးထဲမှာအတူရှိခဲ့ဘူးတဲ့အဖြစ်တွေ
မင်းမျက်ဝန်းသောကြာဒေါင့်ကျိုးလေးမှာချိတ်ဆွဲထားချင်ရဲ့
ချစ်သူရေ
သမိုင်းကိုစိတ်နဲ့အ၀ါရောင်ချယ်ပြီ
အိပ်မက်တွေမြူးရမယ့်ကာလလေးအတွက်
မြင်သမျှ
ခရမ်းရောင်သင့်ကွက်လက်များ
အရိုးပြိုင်းပြိုင်းထအကျည်းတန်နေပုံ။

Saturday, September 13, 2008

IF

If you can keep your heard when all about you,
Are losing theirs and blaming it on you,
If you can trust yourself when all doubt you,
But make allowance for their doubting too,
If you can wait and be tired by waiting,
Or being lied about, don’t deal in lies,
Or being hated, don’t give way to hating,
And yet don’t look too good, nor take too wise,

If you can dream-and not make dreams your master;
If you can think-and not make thoughts your aim;
If you meet with triumph and Dister,
And tread those two imposters just the same;
IF you can bear to hear the truth you’ve speaker
Twisted by knaves to make a trap for fools,
On watch the things you gave your life to broken.
And stoop and builden up with won-out tools:

If you can make one heap of all your winnings,
And risk it on turn of pitch-and-toss.
And lose? And start again at your beginnings,
And never breathe a ward about your loss:

If you can force your heart and nerve and sinew,
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the will which says to them: ‘ Hold on:!’

If you can talk with crowds and keep your virtue,
Or walk with kings – nor lose the common touch,
If neither foes nor loving friends can hurt you,
If all men count with you, but none too much;
If you can fill the unforgiving minute,
With sixth seconds’ worth of distance run.
Yours is the Earth and everything that’s in it,
And-which is more – you’ll be a man,my son !
RUDWARD KIPLING (1865-1936) -
အကယ်၍
အကယ်၍
မင်းအသိုင်းအ၀ိုင်းက
တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ
မင်းကြောင့်လို့
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ
ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်. . . . . . . .. . .။
အကယ်၍
အားလုံးက မင်းကို
မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်. . . . . . . . .။
အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စာနဲ့ နာကြားနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်. . . . . . . . .။
အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်….
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်….
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူးမနေဘူးဆိုရင်. . . . . .။
အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်…..
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်. . . . . .။
အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်…
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုန့်ပြန်ဘူးဆိုရင်….
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်….
ပြီးတော့
မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် . . . . . . . ။
အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်. . . . . . ။
အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံ တရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်. . . . . .။
အကယ်၍
လူတွေနဲ့ထိတွေ့ပြောဆိုဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ်
မင်းဧရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်….
အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်. . . . . . ။

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်….
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ်
အသုံးချနိုင်မယ်ဆိုရင်. . . . .။
ငါ့သားရေ
မင်းဟာ
အရာရာရှိတဲ့၊အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့….။
အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်းတစ်ယောက်ပဲပေါ့။
IF …. ကဗျာကို ဒေါ်အောင်ဆန်းစုကြည် မြန်မာပြန်ဆိုသည်။

Tuesday, September 9, 2008

သင့်မှစာဖတ်ဖို့အချိန်ရှိပါသလား

ဝမှာ သာယာငြိမ်းချမ်းစွာဖြတ်သန်းရှင်သန်လိုသူတစ်ယောက်အနေနဲ့သင်္ခန်းစာတွေရရှိဘို့
မဖြစ်မနေလေ့လာရမည့်အရာတွေကလဲဒုနဲ့ဒေးပါပဲ၊ပြီပြည့်စုံတဲ့ဘ၀နဲ့သာယာစွာအသက်(၇၀)
လောက်ရှင်သန်ရဘို့ဆို အနှစ်(၃၀၀)လောက်အသက်ရှင်ရပ်တည်ပြီးအခက်အခဲတွေ၊အကြပ်အ
တည်းတွေ လောကဓမ်တရားတွေတွေ့ကြုံဘို့လိုအပ်ပါလိမ့်မယ် ဒါတောင်မှပြီပြည့်စုံတဲ့ပညာ
ဗဟုသုတတွေရှိနိုင်ပြီလို့တော့လှေနံဓားထစ်မပြောနိုင်သေးပါဘူး၊ လူတိုင်းပြောဆိုနေကြတဲ့စကား
ပုံလေးလို အဒီလောက်များလှတဲ့ဗဟုသုတတွေရရှိဘို့နည်းလမ်းဆိုတာရှိနေစမြဲပါပဲ၊ အဲဒါကတော့
စာဖတ်ခြင်းနည်းလမ်းပဲလို့ကျွှန်တော်ထင်ပါရဲ့၊စာဖတ်ခြင်းကြောင့်ကျွှန်တော်တို့လိုချင်သလိုဘ၀ကို
ပြုပြင်ဖန်တီးလို့ရနိုင်ပါတယ် ဘာကြောင့်လဲဆိုတော့စာဖတ်ခြင်းဆိုတဲ့စကားလုံးလေးဟာ အင်္ဂလိပ်
လိုREADING ဆိုတဲ့စွမ်းအားပြည့်အနက်ရသတွေစုစည်းထားတဲ့အနှစ်ချုပ်စကားလုံးလေးတွေကနေ
ဆင်းသက်လာတဲ့ဝေါဟာရဖြစ်နေလို့ပါ
R-rationalism=အကြိုးအကြောင်းထောက်ဆယုံကြည်မှု
E-expectancy or effort=မျှော်လင့်ချက်၊အားထုတ်လုပ်ဆောင်မှု
A-acquaintance=သတင်းအချက်အလက် ပတ်ဝန်းကျင် ဗဟုသုတ
D-delicacy=နုညံ့သိမ်မွေ့မှု
I-invention=တီထွင်မှု
N-noble= မြင့်မြတ်မှု
G-gallantry or glory= ရဲရင့်မှု နဲ့ဂုဏ်ဒြပ်
ဒါကြောင့်မို့ ပညာဗဟုသုတတွေရှိဘို့ လောကဓမ်တရားတွေရင်ဆိုင်နိုင်ဘို့ ပြီးပြည့်စုံတဲ့ဘ၀နဲ့
ရှင်သန်ရပ်တည်နိုင်ဘို့ ကျွှန်တော်တို့အနေနဲ့စာဖတ်ဖို့အချိန်သတ်မှတ်သင့်တယ်လို့ ကျွှန်တော်
ယူဆပါတယ်၊ သင့်အနေနဲ့အဲဒီနည်းလမ်းတွေနဲ့ဘ၀ကိုဖြတ်သန်းမည်ဆိုလျှင်.သာယာငြိမ်းချမ်စွာ
ပြီးပြည့်စုံပြီးစံပြဘ၀ပိုင်ရှင်အဖြစ်နဲ့


DO YOU HAVE THE TIME FOR READING
Just as there are a lot of lessons to learn must study everything as for a man who wishes
to live serenely in life. To live with quality of life a bout seventy years he is in need of existing
and being up against problems, difficulties and ups and downs a bout three hundred years.
But it is not sure whether he can get enough knowledge and lessons or not in life. Everybody
just as says "that there is will there is a ways" we may discover ways and means .It is only
reading I think. Reading we can become we are for reading word come from an abbreviation
that seven words R E A D I N G; R which mean rationalism, E
which mean expectancy or effort
A
which mean acquaintance, D which mean delicacy, I which mean invention N which mean
noble G
which mean gallantry or glory. So, I think that we should limit out time to read some
book in order to obtain so many knowledge and confront with ups and downs.If we were to
go by such this ways we were one who is ideal and perfect serenely in life.

လူရယ်လို့ဖြစ်လာပြီဆိုရင် ဖြတ်သန်းခဲ့ရတဲ့ဘ၀တစ်လျှောက်မှာအောက်မေ့
တမ်းတစရာဆိုတာရှိစမြဲပါ ကျွန်တော်လွမ်းတတ်သလိုအားလုံးလဲ
မလွမ်းဘယ်သူးရှိနိုင်ပါ့မလဲ ခံစားချက်ကိုရှေ့တန်းတင်စဉ်းစားခွင့်
မရနိုင်ရင်တောင် ရင်ထဲမှာတော့ကိုယ်စီကိုယ်စီအလွမ်းလေးတွေရှိ
နေကြစမြဲပါ ဒါကြောင့်ဒီတစ်ခါတော့ကျွန်တော့်သူငယ်ချင်းတွေရန်ကုန်မှာ
ပညာသင်ခဲ့ဘူးတဲ့ကျောင်းသားဟောင်းတွေအတွက်အတိတ်ကို
ပြန်လွမ်းဆွတ်တမ်းတတတ်သောနှလုံးသားအတွက်အဆိပ်ဖြေ
အာဟာရအဖြစ်ကျွန်တော်ခံစားခဲ့ရသလိုအားလုံးသောမြန်မာလူငယ်လူ
ရွယ်လူကြီးများအတွက်ဆရာမောင်စိန်ဝင်း(ပုတီးကုန်းရဲ့)ဒီကဗျာလေးကိုမျှဝေလိုက်ပါတယ်

အိပ်မက်တောအုပ်
အဲဒီတောမှာ....
ဝေသောနှင်းပင်၊နှင်းမထင်ခဲ့
ရင်နာစူးရှ၊မျက်ရည်စတွေ
ကျကြွေသလား......
ခါးသည်းအိပ်မက်၊အအိပ်ပျက်စေ
နှိုပ်စက်လေသလား.....
အခါတစ်ပါးက၊ရင်ခုန်ညလေး
နှင်းကလေးတွေမှဟုတ်ပါရဲ့လား
ပြန်လို့ကြားယောင်..
နားထောင်တုန်းလို
ပိတောက်ရွက်တွေ
ရွှေအိုရောင်ပြောင်း
ဆောင်းကုန်တော့မည်
တွယ်တာသူချင်း၊ရင်းနှီးသူတို့
ခွဲကြဘို့လေ၊လက်တို့နေပြီ
ဟိုး.....အပင်အောက်၊နှစ်ယောက်တစ်တွဲ
ဟိုဆိုင်ထဲမှာ၊
ထိုင်တာတစ်ချို့
ဟိုကခုံပြာ၊ရေတမာရင်း
မျက်နှာချင်းဆုံ၊ရင်ခုန်ခဲ့ကြ
ငယ်ကာလတွေ
နေခဲ့ပြီပဲ၊ရင်ထဲလွမ်းချင်
အကျွမ်းဝင်နစ်မျော..
ချစ်သော..
ချစ်သော..အဲဒီနေရာပါ
အဲဒီတောမှာ
ကဗျာတွေချည့်၊ခံစားကြည့်ကြ
ဂီတတွေချည့်၊နားဆင်ကြည့်ကြ
ဇာတိမာန်တေး၊နှလုံးသွေးစက်
မျက်ရည်အလိမ်းလိမ်း
ရက်ရှည်တိမ်းသူ
စိမ်းသူ..ရဲသူ.. ခွဲသူ..စွန့်သူ..
သူ
သူ
သူ
သူတို့ရာဇ၀င်
အရာထင်အရောင်ဟပ်
ပန်းမလေးတွေတောင်ကဗျာစပ်သတဲ့
ငုက်မလေးတွေတောင်တေးသီစပ်သတဲ့
ဖွဲ့နွဲ့တမ်းချင်း၊လွမ်းရင်းသီမော
အဲဒီတောပေါ့
သည်တောကပင်
ဝိညာဉ်ရှိလေသလား
သည်နေရာမှာကြားရတဲ့ဥသြသံ
ပိုလို့လွမ်းဘို့ဖန်သလား
ပန်းများပွင့်သမျှ
ပိုလို့လှတယ်
ပိုလို့မြတ်နိုးစရာ
ထာဝရအမြဲတမ်း
စွဲလန်းခဲ့သော
အဲ..ဒီတောလေ။


Tuesday, September 2, 2008

မဖြောင့်တန်းသောအတွေးစများ



အမြင်စောင်းတယ်တဲ့မြင်တဲ့သူကစောင်းတာလားအမြင်ခံသူကပဲ
စောင်းတာလားဘယ်သူ့မှာအပြစ်ရှိသလဲဆိုတာတွေးရခက်ခဲပါ
တယ်ဘာပဲဖြစ်ဖြစ်နားလည်မှုဆိုတဲ့လမ်းညွှန်လေးသာလူတိုင်း
လက်ကိုင်ထားနိုင်ကြမည်ဆိုလျှင်အရာအားလုံးဟာပျော်ရွှင်ဖွယ်
ရာတွေချည်းလို့ပဲယူဆလို့ရမည်ထင်ပါရဲ့၊တစ်ချို့ကပြောတယ်သူက
အထီးကျန်သမားအားလုံးကသူ့ကိုဝိုင်းကြဉ်ထားကြတယ်
တဲ့အဲဒီလိုပြောသံကြားရတဲ့အခါကျွှန်တော်စဉ်းစားကြည့်မိပါတယ
်ပတ်ဝန်းကျင်ကသူ့ကိုကြဉ်တာလားသူကပဲပတ်ဝန်းကျင်ကခွဲထွက
သွားတာလားနောက်ဆုံးတောအဖြေတစ်ခုရလာပါတယ်"လောက
ကြီးကကျွှန်တော်တို့ကိုဘယ်တော့မှသူ့ရင်ခွင်ထဲကနေထုတ်ပယ်ပြစ် လို့မရဘူးကျွန်တော်တို့ကိုယ်တိုင်လောကကြီ
ထဲကနေထွက်သွား လောကရဲ့အပြင်ကိုရောက်သွားရမှာပါ"ဒါကြောင့်မို့
ကျွန်တော်တို့ဟာကိုယ်ကိုတိုင်လောကကြီးထဲကနေထွက်မသွားသရွေ့
လောကကြီးထဲမှာကျွန်တော်တို့အတွက်အမြဲနေရာရှိနေမှာပါ၊ အမြင်စောင်းတယ်ဆိုတာကတော့မြင်တဲ့သူလဲပင်ကိုယ်ကမစောင်းပါဘူး
အမြင်ခံသူကလဲပင်ကိုယ်အားဖြင့်တော့မစောင်ပါဘူးသူတို့ရဲ့လိုအပ်ချက်
နားလည်မှုဆိုတာလေးကိုယ်စီကိုယ်စီပျောက်ဆုံးနေကြလို့သာအမြင
်စောင်းနေကြတာပါ ၊သူငယ်ချင်းအနေနဲ့အမြင်စောင်းစရာကြုံလာတဲ့အခါ
ကိုယ်ကိုတိုင်စောင်းနေတာလား သူကပဲစောင်နေတာလား ဒါမှမဟုတ်ဘယ်အရာကစောင်းစေတာလဲဆိုတာသတိလေးထားပြီးဆင်ခြင်
သုံးသပ်ကြည့်မည်ဆိုလျှင်---------------------------------------------------------။

Monday, September 1, 2008

ဝေဒနာ

ဝေးခဲ့ပြီပဲ
ဆယ်နွေကဲသို့
ရင်ထဲကြွမ်းမြေ့
မမေ့နိုင်ရက်
နေ့ရက်များစွာဝေဒနာ၊

သမုဒယနွယ်
ရစ်နှောင်တွယ်ငြိ
ချစ်ခဲ့သမျှ
အိပ်မက်မျှပင်
ခင်ထင်ရော့လား
ရင်ခြားစေ့ခက်
မေ့ရန်ခက်ခဲ
နေ့စွဲများစွာဝေဒနာ၊

မလွမ်းရဲသူမို့
တမင်လမ်းခွဲခဲ့တာလား
သံယောဇဉ်အမျှင်တင်နေသမျှတော့
ပြန်တွေးရင်တောင်ရင်မှာဆွေးပါရဲ့
ညှို့ဟန်ဖွဲ့မုန်မာန်ဆင်
ခင်မကြင်ခင်ထွက်သွားတော့လဲ
လွမ်းအိမ်ဖွဲ့စေရာခရီးမှာ
သောကမိုးစွေနေဆဲပါပဲ
နေ့စွဲများစွာဝေဒနာ၊

အချစ်ရယ်
မခင်လို့ပဲဖြစ်ဖြစ်
မကြင်လို့ပဲပြစ်ပြစ်
ရင့်နင့်အောင်ချစ်ခဲ့သမျှအတွက်
ကိုယ့်ဝန်တာကိုယ်သာခံပါ့မယ်
မောဟလွှမ်းသည်ခရီးမှာ
ဝေဒနာအပူမမျှချင်တော့
ခင့်ဘ၀နဲ့ခင်
ခင်ပျော်လျှင်ကျေကျေနပ်ပါရဲ့
ကြမာဝဋ်မကုန်သေးသရွေ့တော့
သခင်ရယ်
ဆယ်နွေလိုကဲ။